စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 10, 2012

ကန်ဒေါ်လာ ၇၀.၆ သန်းတန် Tablet စီမံကိန်းအတွက် တရုတ်နှင့်ထိုင်းဘဘောတူညီ

ပညာရေးနယ်ပယ်ရှိ ကလေးငယ်တစ်ဦးလျှင် tablet တစ်လုံး ကိုင်ဆောင်အသုံးပြုခွင့်ရစေမည့် ထိုင်းနိုင်ငံ၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကန်ဒေါ် လာ ၇၀.၆ သန်းတန်ဖိုးရှိ သဘောတူညီမှုတစ်ခုကို တရုတ်နိုင်ငံနှင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။




အဆိုပါသဘောတူညီချက်အရ တရုတ်နိုင်ငံ၏ နည်းပညာကုမ္ပဏီသုံးခုဖြစ်သည့် ZTE, Huawei နှင့် Lenovo ထံမှ tablet အလုံးရေ ၉၀၀,၀၀၀ ကို ထိုင်းနိုင်ငံမှ ၀ယ်ယူမည်ဖြစ်ပြီး ၎င်းတို့ကို ပညာရေးကဏ္ဍတွင် ပြန်လည်သုံးစွဲမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ အခြေခံပညာရေးကော်မရှင်မှ ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့ ၏အဆိုအရ ယင်း tablet တို့ကို တစ်လုံးလျှင် ကန်ဒေါ်လာ ၇၅ စီဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကာ ဈေးနှုန်းကို မူလတန်ဖိုးထက် များစွာလျှော့ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ Tablet ၈၀၀,၀၀၀ ကို မူလတန်းကျောင်းသားများအတွက် ဖြန့်ဖြူးရောင်းချမည်ဖြစ်ပြီး ကျန် ၁၀၀,၀၀၀ ကိုမူ စတုတ္ထတန်းကျောင်းသားများအတွက် ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှဆက်လက်ပြောကြားခဲ့ပြီး ယခုပြုလုပ်သည့် one-child-one-tablet ဥပဒေသည် Pheu Thai အုပ်ချုပ်ရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်ကြောင်းသိရသည်။ ၎င်းအစီအစဉ်နှင့်ပတ်သက်၍ ပညာရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို သင်ကြားပို့ချနိုင်ခြင်းရှိ၊ မရှိနှင့် ကလေးများ၏ tablet အသုံးပြုမှုကို ကျောင်းများနှင့် မိဘများကစောင့်ကြည့်သင့်ကြောင်း တတ်ကျွမ်းသူများကအကြံပြုပြောကြားခဲ့သည်။

ရေးသားသူ - ဟေမာ
Ref: ZDNet Asia

0 comments: