လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး လှိုင်သာယာမြို့နယ်၊ အလယ်ရွာမှာရှိတဲ့ မီးဘေးသင့် ဒုက္ခသည်တွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က
သွားရောက် လှူဒါန်း ခဲ့ကြပါတယ်။ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက မီးဘေး ဒုက္ခသည်တွေကို ဆန်၊ ထမင်းထုပ်၊ ရေဗူး၊ အဝတ်အထည် စတဲ့ အသုံး အဆောင် ပစ္စည်းတွေကို သွား
ရောက် လှူဒါန်း ခဲ့ကြတာပါ။ ဒီမီးလောင်ကျွမ်းမှုဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝက်သား တုတ်ထိုးဆိုင်က ဈေးရောင်းဖို့ မီးမွှေးရာကနေ စတင် မီးလောင် ကျွမ်းတာလို့
သိရှိရပြီး အိမ်ခြေ ၃၅၀ လောက် မီးကူးစက် လောင်ကျွမ်းခံခဲ့ရကာ လူ ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ် အခုအခါ မီးဘေးသင့် ပြည်သူတွေကို လှိုင်သာယာမြို့
နယ် အလယ်ရွာရှိ မိဘမဲ့ ပရဟိတ အောင်ဇေယျမင်း ဘုန်းကြီးကျောင်းမှာ ခေတ္တခဏ ထားရှိထားပါတယ်။
Burma Vj Media
0 comments:
Post a Comment