စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, February 8, 2012

ဇေကမ္ဘာ ကုမ္ပဏီက မင်္ဂလာဒုံမြို့နယ်က လယ်မြေကို သိမ်းယူ




ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စှမှာရှိတဲ့ လယ်မြေတွေကို သိမ်းယူနေပြီး မြေတူးစက်ကြီးတွေနဲ့
လယ်ကန်သင်းရိုးတွေကို ဖျက်ဆီးနေပါတယ်။ လယ်ယာမြေ ၈၁၅ ဧကကို စက်မှုဇုန်အပိုင်း ၄ အကောင်အထည် ဖော်ဖို့ဆိုပြီး အခုလို လယ်ကန်သင်းရိုးတွေကို
ဖျက်ဆီး တူးဖော်နေတာပါ။ ဇေကမ္ဘာ ကုမ္ပဏီက ဆယ်မြောင်းကြီး ၈ ခုနဲ့ မြောင်းငယ်တွေကိုလည်း ပိတ်လိုက်တာကြောင့် လယ်ယာမြေတွေထဲကို ရေမရောက်
တော့ပဲ လယ်သမားတွေ အခက်အခဲတွေနဲ့ ကြုံတွေ့ နေရပါတယ်။ လာမယ့် မတ်လမှာ ပိတ်ထားတဲ့ ဆယ်မြောင်းတွေကို ဖွင့်မပေးရင် မိုးစပါးစိုက်ပျိုးဖို့ အခက်
တွေ့နိုင်မှာဖြစ်ပြီး ချောင်းကို ပိတ်ထားတဲ့ အတွက် နွေရာသီမှာ ရေမရရှိပဲ မိုးတွင်းမှာဆိုရင် ရေထွက်ပေါက်မရှိလို့ ရွာတွေ ရေမြုပ်ကုန်တယ်လို့ ဆိုပါတယ်။
လယ်သမားတွေက အခုလို လယ်ကန်သင်းရိုးတွေကို ဖျက်ဆီးနေတာကို ရပ်တန့်စေခြင်ပြီး အရင်ကလိုပဲ မိမိတို့လယ်မြေတွေကို ဆက်လက် လုပ်ကိုင်ချင်တယ်
လို့ ပြောဆိုနေကြကြောင်း သိရပါတယ်။

ဇေကမ္ဘာကုမ္ပဏီက လယ်မြေကို သိမ်းယူ Published via LongTail.tv

0 comments: