စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, February 8, 2012

(MAI) လေကြောင်းလိုင်းအား ဗုံးဖောက်ခွဲရန် ခြိမ်းခြောက် စာကြောင့် ရန်ကုန်ရှိ ကုလ ဝန်ထမ်းများအကြား သတိပေးချက် ထုတ်ပြန်

(MAI) လေကြောင်းလိုင်း



မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)အား ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့ တို့တွင် ဗုံးခွဲရန် ခြိမ်းခြောက် သတိပေးစာ ပို့ခံရမှုကြောင့်
ရန်ကုန်ရှိ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ နှင့် သံရုံးများအကြား ဖေဖော်ဝါရီလ ၇ ရက်နေ့ က သတိပေးစာတွေ ထုတ်ပြန် ထားပါတယ်။
“Son of Allah” အလာရဲ့သားလို့ အမည်ပေးထားတဲ့ အစွန်းရောက် အဖွဲ့တခုက (MAI) ကို ပေးပို့တဲ့ ဒီစာမှာ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ရက်နေ့ တို့မှာ
ရန်ကုန်ကနေ ပျံသန်းမယ့် (MAI) ရဲ့ညနေပိုင်း လေကြောင်းခရီးစဉ် တခုခု အပေါ်မှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည် ထားတယ်လို့ ပါရှိကြောင်း သတိပေး စာတွေ
ထဲမှာ ဖော်ပြ ထားပါတယ်။ ဒီစာကို ဘယ်သူ ဘယ်ဝါတွေက ပို့တယ်၊ အစစ် အမှန်လား၊ ခြိမ်းခြောက်မှု သက်သက်လား စတာတွေကို သေချာ မသိသေး
ပေမယ့် ဝန်ထမ်းတွေ အနေနဲ့ အဲဒီနေ့တွေမှာ ပျံသန်းမယ့် လေကြောင်း လိုင်းတွေကို ရှောင်ဖို့ စာထဲမှာ တိုက်တွန်း ထားပါတယ်။ ဒီအသိပေးချက်ကို
ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကနေ စတင်ရရှိခဲ့တာ ဖြစ်ပြီး ကုလဝန်ထမ်းတွေ အတွင်းကြားမှာပဲ အသိပေးထားတာ ဖြစ်တယ်လို့ ရန်ကုန်ရှိ ကုလဝန်ထမ်းတဦးက
ပြောပါတယ်။ ဘန်ကောက်ရှိ (MAI) လေကြောင်းရုံးကို မေးမြန်း ကြည့်ရာမှာတော့ အခုလို သတင်းနဲ့ အသိပေးချက်တွေကို မဟုတ်ကြောင်း ပြောဆိုပါတယ်
ရန်ကုန်က လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေဆီကလည်း အခုလို ခြိမ်းခြောက် စာနဲ့ပက်သက်လို့ အသိပေး ထုတ်ပြန်ချက်တွေ မတွေ့ရသေးပါဘူး။ ၁၉၅၀ က
စတင်ပျံသန်းခဲ့တဲ့ (MAI) လေကြောင်းလိုင်းရဲ့ပြည်တွင်းခရီးစဉ် တချို့မှာ အရေးပေါ် ဆင်းသက်ရမှုနဲ့ ထိခိုက်ပျက်စီးရမှုတွေ ရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့အင်တာ
နက် စာမျက်နှာပေါ်မှာတော့ ရာနှုန်းပြည့် ထိခိုက်မှုမရှိ ခဲ့ဘဲ လုံခြုံစိတ်ချရတဲ့ လေကြောင်းလိုင်း ဖြစ်နေသေးကြောင်း ဖော်ပြထားပါတယ်။

Burma Vj Media

0 comments: