ဧရာဝတီ သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ဇော် သည် ၂၄ နှစ်အကြာမှ မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာကြောင်း သိရသည်။ ဦးအောင်ဇော်သည် နေပြည်တော်မှ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်တွေ့ဆုံရန် ရန်ကုန်မှ ထွက်ခွာသွားစဉ် ၁၁၅ မိုင် ယဉ်နားနေစခန်းတွင် ရန်ကုန်မီဒီယာ ဂရုပ်မှ သတင်းအဖွဲ့များနှင့်တွေ့ဆုံခဲ့ရာ ဦးအောင်ဇော်က သတင်းအဖွဲ့၏ မေးမြန်းချက်ကို ယခုလိုဖြေကြားခဲ့သည်။
“ရန်ကုန်မှာ ရုံးခွဲဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေဟာ တည်ငြိမ်အေးချမ်းလာပြီး ပွင့်လင်းမှုလည်းရှိလာတဲ့အတွက် ယခုလိုလာရောက်ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဦးအောင်ဇော်သည် ဂျာနယ်လစ် ဗီဇာဖြင့် မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်း ဖြစ်ကြောင်းသိရသည်။
0 comments:
Post a Comment