မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၏ အလုပ်အမှုဆောင်အဖွဲ့ကို ရုပ်ရှင်လောကသားများ၏ဆန္ဒနှင့်အညီ ပြန်လည် ရွေးချယ်သွား မည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က ၂၀၁၀ ပြည့်နှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၁ဝမြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ဖေဖေါ်ဝါရီ ရရက်က နေပြည်တော် မြို့တော်ခန်းမရှိ လဟာ ပြင်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများတက် ရောက်ခဲ့ကြ သည်။
''ရုပ်ရှင်လောကသားများ မှီခို အားထားရာဖြစ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့အလုပ်အမှုဆောင် အဖွဲ့ကိုလည်း ရုပ်ရှင်လောကသား များရဲ့ ဆန္ဒနဲ့အညီမှီခိုအားထားထိုက် တဲ့သူတွေနဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရေး အတွက်ဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်'' ဟု ပြည်ထောင်စု ဝန်ကြီး က ပြောသည်။
ထို့အတူနောင်ဆက်လက်ကျင်း ပမည့်အကယ်ဒမီဆုချီးမြှင့်ပွဲများကို လည်းညှိနှိုင်းကာပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုလောကသားများ အတွက်ဖွဲ့စည်း ဆောင်ရွက်ပေး နေရ သည့်အဖွဲ့တွေမှာလည်း ရုပ်ရှင်နှင့် ဗီဒီယိုလောကသားများ၏ ကိုယ်စား လှယ်တွေကို ပြဌာန်းထားသည့် ဥပဒေ စည်းမျဉ်းစည်းကမ်း နှင့်အညီ ပါဝင်ခွင့် ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။
0 comments:
Post a Comment