စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, February 16, 2012

ရန်ကုန်မြို့  ကြည့်မြင်တိုင်ရှိ နှစ်ခန်းတွဲ (၇) ထပ် ကန်ထရိုက်တိုက် မတရားအမှုမှာ ကြံ့ ဖွတ်အမတ် ဒေါ်ကြည်ကြည်မာ ပါဝင်ပတ်သက်နေ


ရန်ကုန်မြို့  ကြည့်မြင်တိုင်ရှိ နှစ်ခန်းတွဲ (၇) ထပ် ကန်ထရိုက်တိုက်အား မြေရှင်မှ ၀င်ရောက်ကျူးကျော်ရန် ရည်ရွယ်ချက်ဖြင့် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များသို့  မမှန်မကန် တိုင်ကြားနေမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

အဆိုပါ တိုက်ဆောက်လုပ်ရာတွင် တစ်နှစ်ထက်ပိုကြာမြင့်မှ အပြည့်အ၀ပြီးစီမည်ဖြစ်သောကြောင့် ဆောက်လုပ်မှုသက်တမ်း နောက်ထပ် (၆) လအား တရားဝင်ထပ်မံ တိုးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။ သို့ သော် မြေရှင်မှ ဆောက်လုပ်နေသည့် တိုက်မပြီးစီးသေးဘဲ လူနေခွင့် မကျသေးဘဲ ၀င်ရောက်နေထိုင်ရန် ကြိုးစားခဲ့ပြီး ယခုလို သက်ဆိုင်ရာသို့  မတရားတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ကန်ထရိုက်မှ မိမိနစ်နာမှုများကို ပြန်လည်ချေပရန် ဥပဒေအရ ဆောင်ရွက်ခဲ့သော်လည်း မြေရှင်နှင့် ၄င်းရှေ့နေမှ တရားရုံးသို့  (၄) ကြိမ် လာရောက်ရန် ပျက်ကွက်ခဲ့ပါတယ်။ ထို့ အတူ မြေရှင်မှ အုပ်ချုပ်ရေးအဖွဲ့ များနှင့် ပေါင်းကာ ဧည့်စာရင်းအား တိုက်ဆောက်လုပ်နေသူ အလုပ်သမားများ နေထိုင်ခွင့်မရှိစေရန်အတွက် ကြည့်မြင်တိုင် အရှေ့ ရပ်ကွက် ရယကများနှင့် အတူကြံစည်၍ ဧည့်စာရင်းအား ပိတ်ပင်ခဲ့ပါတယ်။ ၄င်းဧည့်စာရင်းပိတ်မှုကို ရယက အပါအ၀င် မယက၊ ခယကမှ ညွှန်ကြားသည်ဟု ပြောဆိုခဲ့ပါတယ်။

ကန်ထရိုက်မှ အမှုကိစ္စအား တရားဥပဒေအရ ဆောင်ရွက်လိုသည်၊ တရားရုံးအမိန့်အား စောင့်ပေးပါဟု ပြောဆိုသည့်အခါ “တရားရုံးဆိုတာ တို့ အောက်က” ဟု မယက မှ ပြောကြားခဲ့ပါတယ်။

ယခုကဲ့သို့ သော မြေရှင်နှင့် သက်ဆိုင်ရာများ ပူးပေါင်းကြံစည်၍ ကန်ထရိုက်အား မတရားအပြစ်ဆင် သည့်  အဓမ္မအမှုအား မြေရှင်၏ နောက်ကွယ်မှ ကြည့်မြင့်တိုင် ရန်ကုန်တိုင်းဒေသအနိုင်ရလွှတ်တော်ကိုယ်စားလှယ် ကြံ့ ဖွတ်ပါတီဝင် ဒေါ်ကြည်ကြည်မာ ပါဝင်နေကြောင်းသိရှိရပါတယ်။

ဤမတရားမှုအား နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာအဖွဲ့ များထံ စာပို့ တိုင်ကြားခဲ့သော်လည်း အကြောင်းအရာ တစုံတရာ ပြန်ကြားခြင်း မရှိခဲ့ပါ။

ယခုအမှုတွင် ကန်ထရိုက်မှ ဥပဒေအရ ဆောင်ရွက်နေသော်လည်း မြေရှင်နှင့် အုပ်ချုပ်ရေးအဖွဲ့ များ ပေါင်းပြီး ကန်ထရိုက်ကို နှင်ထုတ်ရန် ကြံစည်၍ ယခုလ (၁၆) ရက်နေ့  နောက်ဆုံးထား၍ ဖယ်ရှားရန်၊ ထိုသိုဆိုလျှင် မတရားဆောင်ရွက်ခံရသည့် ကန်ထရိုက်အနေဖြင့် မိမိ စိုက်ဆောက်လုပ်ထားသော တိုက်အတွက် သိန်း (၈၀၀) ကျော် ဆုံးရှုံးနှိုင်သည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း သိရှိရပါတယ်။

ယခုကဲ့သို့  မြေရှင်များမှ မတရားသဖြင့် အုပ်ချုပ်ရေးအဖွဲ့ များနှင့် ပူးပေါင်းကြံစည်ကာ ဆောက်လက်စ သက်တမ်းမပြည့်ခင် တိုက်အိမ်များပေါ် တက်သိမ်းသည့် ဖြစ်စဉ်များ (၃) ကြိမ်ထက်မနည်း ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့ နယ်များတွင် ဖြစ်ပေါ်ကြောင်း သိရှိရပါတယ်။

ဤမတရားမှုအား မြေရှင်ဖြစ်သူ ဒေါ်ခင်ဌေးရီနှင့် သက်ဆိုင်ရာ အုပ်ချူပ်ရေးအဖွဲ့ များသာမက ကြံ့ ဖွတ်ပါတီ အမတ် ကြည်မြင့်တိုင် တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာ၏ ကျောထောက်နောက်ခံပေး ပါဝင်မှုက ပိုမိုဆိုးရွားနေစေကြောင်း သိရှိရပါတယ်။

နစ်နေမန်း

0 comments: