စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 17, 2012

ရန်ကုန် လိုင်သာယာမီး အိမ် ၈ လုံးလောင်ကျွမ်း

ရန်ကုန်တိုင်း လိုင်သာယာတွင် ယနေ့နေ့လည်က မီးလောင်မူ ဖြစ်ပွားရာ အိမ် (၈) လုံး မီးထဲ ပါသွားကြောင်း သတင်း ရရှိသည်။



မီးမှာ လိုင်သာယာ စက်မူဇုံ အမှတ် (၂၀) ရက်ကွက်တွင် လောင်ကျွမ်းခြင်း ဖြစ်ပြီး လျှပ်စစ်ဝါယားကြိုး ချော့ဖြစ်ရာမှာ စတင်လောင်းကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

" မီးက နေ့လည် တစ်နာရီခွဲမှာ စလောင်ကျွမ်းပါတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေ ၀ိုင်းငြိမ်းသတ်တော့ မီးက ငြိမ်းသွားခဲ့ပါတယ်" ဟု လိုင်သာယာရပ်ကွက်မှ ဒေသခံ ပြည်သူ တစ်ဦးက ပြောသည်။

မီးမှာ တနာရီခန့် လောင်ကျွမ်းပြီး ဒဏ်ရာ ရသူ တချို့ရှိကာ ဘေးအနီးအနားမှ အိမ် (၅) ဆောင်ကိုလည်း ဖြိုဖျက်လိုက်ရကြောင်း သူက ဆက်ပြောသည်။

" မီးလောင်တဲ့ အထဲမှာ ရခိုင်အိမ် သုံးဆောင်ပါသွားပါတယ်။ အကုန်လုံး အိမ်ပေါင်း ၁၀ ကျော် ပျက်စီးပြီး လူပေါင်း ၁၀၀ နီးပါး အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ မီးဘေးဒုက္ခသည်များကို သက်ဆိုင်ရာမှ နီးစပ်ရာ အဆောက်အဦးများတွင် နေရာချပေးထားကြောင်း သိရသည်။

လွန်ခဲ့သော အင်္ဂါနေ့မနက်ပိုင်းကလည်း တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း၊ တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံး လောင်ကျွမ်းသွားပြီး လူပေါင်း ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။

 နိရဉ္စရာ

0 comments: