စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, February 17, 2012

Parami Taxi Drivers – စစ်ရေးအသုံးစရိတ်အတွက် ၃၀% ပေးနေရတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ပါရမီတက္ကစီ အငှားကားသမားများရဲ့ ဒုက္ခ

စစ်ပြန်ဒရိုက်ဘာ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂ (မိုးမခထံ ပေးစာ)

ဖေဖော်ဝါရီလအတွက် လစာငွေ လေးသိန်း ကြိုသွင်းရန် (၁၅) ရက်နေ့ နောက်ဆုံးထား သွင်းပေးကြရန်၊ မသွင်းနိုင်သူအား ကားသော့သိမ်းပါသည်။ ကားသော့လိုချင်လျှင် (၁၆)ရက်နေ့ ပါရမီတက္ကစီ အုပ်ချုပ်ရေး ဒါရိုက်တာ (ဗိုလ်မှူးကြီး သိန်းထွန်းဝင်း) နှင့် တွေ့ပြီး နေ့တစ်ဝက်စောင့်နေကာ ငွေ နှစ်သိန်း သွင်း၍​ ကားသော့ ပြန်ပေးပါသည်။ ကျန်ငွေ နှစ်သိန်းကို (၁၇) ရက်နေ့ မပေးလျှင် ကားသော့ပြန်သိမ်းဦးမည်ဟုဆိုပါသည်။ မပေးသွင်းနိုင်သူများက ကားပြန်အပ်ကြသော်လည်း လက်မခံပါ။

မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေးအသင်း ဒုဥက္ကဌ (ဗိုလ်ချုပ် လှအောင်သိန်း) က အကျိုးမပေးရင် ကား ဒီနေ့ပြန်အပ်ရင်၊ ဒီနေ့ စပေါ်ငွေ (၁၅)သိန်း ပြန်ပေးမည်ဟု ပြောခဲ့သော်လည်း ယခုအခါ ကြိုတင်ငွေ (၄)သိန်း မပေးနိုင်ကြ၍​ ကားပြန်အပ်မည်ဆိုလျှင် စပေါ်ငွေ (၁၅)သိန်းမှ (၇)သိန်းပဲ ချက်ချင်းပြန်အမ်းကာ ကျန်ငွေ (၈)သိန်းကို ၂-လ စောင့်ရ ပါသည်။ ၂-လ အတောအတွင်းမှာ အကူယာဉ်မောင်း (စပေါ် ဆယ်သိန်း ပေးသွင်းထားကာ ကားမောင်းရန် စောင့်နေရသူ) အား တစ်လ လေးသိန်းဖြင့် ၂-လ မောင်းစေကာ ရရှိသော ငွေ (၈)သိန်းကို ပြန်ပေးမှာဖြစ်သည်။ စပေါ် (၁၅)သိန်း သွင်းစဉ်ကလည်း မူအရ (၃+၂+၃+၂+၃+၂) လစဉ် အရစ်ကျသွင်းရမည်ဟု ပါရှိသော်လည်း တစ်ပေါင်းတည်း (၁၅)သိန်း ပေးသွင်းခဲ့ရပါသည်။

တပ်မတော်စစ်ထွက် အငြိမ်းစားတစ်ယောက်အနေဖြင့် လစာ လေး ငါးထောင်ဖြင့် စစ်မှုထမ်းသက် အနှစ် (၂၀) (၃၀) တာဝန်ထမ်းဆောင်ခဲ့ရပြီး အငြိမ်းစားယူခဲ့ရာ လက်ထဲတွင် ကိုယ်ပိုင်ငွေ အလွန်ဆုံး ငါးသိန်းလောက်သာ ရှိကြ ပါသည်။ ပါရမီ ကားကောင်းလေးများ မောင်းနိုင်ရန် စပေါ်ငွေ (၁၅)သိန်းမှ လိုငွေ (၁၀)သိန်း ကို (၂၀) တိုးဖြင့် အလွတ်ချေး၍ ပေးရပါသည်။ လစာငွေကလည်း သုံးသိန်းမှ လေးသိန်း မြှင့်သွားပါသည်။ ကားများမှာလည်း နှစ်ရှည်လများ ဖြစ်သဖြင့် ငါးရက်နှစ်ကြိမ် ဝပ်ရှော့ပို့ ကားပြင်နေရပါသည်။ ကားရပ်နားခြင်း၊ ပြင်ဆင်နေရခြင်း၊ ကားပစ္စည်းဝယ်ထည့်ရခြင်း၊ လက်ခ ပေးရခြင်းတို့ကြောင့် အကြွေးယူပြီး အတိုးများ သတ်နေရသည်မှာ အိမ်က မိသားစုများပင် အငတ်နေ နေရပါသည်။

ကားယာဉ်စစ်ဆေးသည့်နေ့တွင် ညနေ ၃ နာရီထိုးမှ စ၍​ ကားသန့်ရှင်းခ ငါးထောင်ပေးကာ ကား ရေဆေးရပါ သည်။ ကားဖုန်တင်နေရင်လည်း အပြစ်ဖြစ်ပါသေးသည်။ ​ညနေ ၆ နာရီထိုးအထိ ထိုင်စောင့်ရပါသည်။ ကားသမားများအဖို့ ယာဉ်ရပ်ထားစဉ် ဆုံးရှုံးသွားသောငွေ၊ သန့်ရှင်းရေးစရိတ်၊ အော်ဒါခေါ်သော မိတ်ဆွေအပေါင်းအသင်း၊ အားလုံး ဆုံးရှုံးရပါ သည်။ ပါရမီတက္ကစီ ယာဉ်မောင်းများသည် စပီကင် (Eng+Chinese) တက်ရပါသည်။ သင်တန်းတက်ရသည့် နေ့တွင် တစ်နေကုန် အော်ဒါငှားသူကို လက်ခံ၍​မရပါ။ နေ့လည် ၁၁နာရီမှ ၂ နာရီအတွင်း ထမင်းအငတ်ခံကာ ကားလိုက်ကြရပါသည်။ “ဒါဘာ” တက်၍ တင်ပြစရာများ တင်ပြသော်လည်း ပဲခူးလို ခရီးမျိုးများ မသွားရတော့ပါ။(၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က အင်တာနက်တွင်ရေးထားသော ပါရမီတက္ကစီသတင်းမှာလည်း သူတို့အထဲက ရေးထားသော သတင်းပါ)

တစ်ချို့ယာဉ်မောင်းများမှာ မိမိနာမည်ပေါက် ရထား၍ သိန်းပေါင်းများစွာ အကုန်အကျခံကာ ကားထဲသို့ ထည့်ပါ သည်။ ထိုယာဉ်မောင်းများမှာ မိမိတို့အား ပထမဦးစားပေး ရောင်းပေးမည်ဟု ပြောထားသဖြင့် တစ်နေ့ အပိုင် ရနိုးနိုး၊ စောင့်စားသည်းခံ အကြွေးတင်ကာ ရှိနေပါသည်။ ပါရမီတက္ကစီမောင်းသူများ၏ ဘဝသည် ယခုအခါ အကြွေးသံသရာ လည်၍ ဒုက္ခရောက်နေရပါသည်။ ပါရမီတက္ကစီမောင်းသူများသည် (တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီ…) သီချင်းထဲကလို ဖြစ်နေရပါတော့သည်။

0 comments: