စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

မြန်မာအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို သြစတြေးလျဖြေလျော့မည်

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့မည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံက ဇန်န၀ါရီလ ၉ ရက်နေ့က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့ရခြင်းမှာ မြန်မာနိုင်ငံက လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုအချို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ဖြေလျော့ခြင်းဖြစ် ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ခရီးသွားလာရေးအရာရှိများနှင့် နိုင်ငံရေးတွင်မရှိတော့သည့် ၀န်ကြီးဟောင်းများအား သြစတြေးလျနိုင်ငံ၏ ပိတ်ဆို့အရေးယူမှုစာရင်းမှ ဖယ်ရှားမည်ဖြစ်ကြောင်းနှင့် သြစတြေးလျနိုင်ငံ၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ယခင်ကမပါဝင်သေးသည့် အစိုးရသစ်မှ အဖွဲ့ဝင်များအား ယခုအချိန်တွင် ပိတ်ဆို့အရေးယူမှု စာရင်းထဲသို့ မသွင်းသေးကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ''နိုင်ငံရေးဖြစ်စဉ်တွင် အတိုက်အခံပါတီများ ပါဝင်ဆောင်ရွက်နိုင်မှု တိုးမြှင့်လာခြင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၂၀ ခန့် လွတ်မြောက်လာခြင်း၊ အလုပ်သမား ဥပဒေသစ် အစရှိတဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုများ ဆက်လက်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်'' ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် တိုးတက်မှုများပြုလုပ်ရန် အများကြီးကျန်ရှိနေသေးကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအားလုံး လွှတ်ပေးရန်၊ ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပရန်နှင့် လူမျိုးစု ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ဆက်လက်တိုက်တွန်းကြောင်းတို့ကိုလည်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ဆက်လက်ပြောကြားခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး Kevin Rudd သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဇူလိုင်လက လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ် တော်နာယက ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများအား သြစတြေးလျနိုင်ငံအနေဖြင့် ပံ့ပိုးနိုင်မည့်နည်းလမ်းများကို ဆွေးနွေးရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် ၂၀၀၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Eleven media group

0 comments: