စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, February 18, 2012

ဖြစ်ပေါ်ပြောင်းလဲမှုများကို အားပေးထောက်ခံသည့်အနေဖြင့် ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံကို ပြန်လည်ကူညီမည်

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဒုတိယဥက္ကဋ္ဌ ပန်မလာကောက်စ်

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့်နှစ်ပေါင်း ၂၅ နှစ်အကြာက ရပ်ဆိုင်းသွားခဲ့သော စီးပွားရေးဆိုင်ရာ အကူအညီများ၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုများကို မြန်မာနိုင်ငံတွင် မကြာမီ ပြန်လည်စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုနှင့် အစိုးရပိုင်းအပြောင်းအလဲများကြောင့် ယခုကဲ့သို့မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်ကြား ပြန်လည် ဆက်သွယ်ဆောင်ရွက်မှုများကို စတင်ပြုလုပ်ရန်စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်မှုကို နိုင်ငံခြားမီဒီယာများ၏ သုံးသပ်မှုအရ သိရှိရသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများကို အားပေးထောက်ခံခြင်းအားဖြင့် ရပ်ဆိုင်းထားခဲ့သော ဆက်သွယ်ဆောင်ရွက်မှုများကို ပြန်လည်ပြုလုပ်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ဘဏ်စနစ်နှင့်စီးပွား ရေးလုပ်ငန်းပိုင်းများအတွက် စနစ်တကျ လေ့လာသုံးသပ်နိုင်ရန် ကျွမ်းကျင်သော ပညာရှင်များကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ယခင်က ကမ္ဘာ့ဘဏ်အပေါ် ပေးရန်ကျန်ရှိနေသေးသော ကြွေးမြီများကို ပြန်လည်ပေးဆပ်ပြီးပါက ချေးငွေသစ်များကို
လည်း ပြန်လည်ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စပန်မလာကောက်စ်က ''ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တိုးတက်မှုတွေအပေါ် လက်ခံကြိုဆိုသလို မြန်မာနိုင်ငံ တိုးတက်ဖို့အတွက်လည်း တိုက်တွန်းအားပေးပါတယ်။ အပြောင်းအလဲတွေကို လုပ်နေတဲ့အစိုးရ အပေါ် ထောက်ခံတဲ့အနေနဲ့ရော မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားတိုးတက်ဖို့နဲ့ အလုပ်အကိုင်မဲ့သူတွေ၊ ဆင်းရဲတဲ့ ပြည်သူတွေအတွက်ပါရည်ရွယ်ပြီး ကျွန်မတို့ရဲ့ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုနဲ့ ကူညီမှုလုပ်ငန်းစဉ်တွေကို စတင်ဖို့ ရှိနေပါပြီ''ဟု ဆိုခဲ့သည်။

ထို့အပြင် သူမအနေဖြင့် မြန်မာနိုင်ငံအတွင်းအရေးပါသည့် ပြည်သူ့ဘဏ္ဍာငွေဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်မှုများအတွက် ထင်သာမြင်သာရှိစေရန် ကူညီမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနေဖြင့် ၁၉၈၇ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့နှင့် ပထမဆုံးအကြိမ် ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ချေးငွေသစ်များလည်း ရရှိနိုင်မည်ဖြစ်သည်။

အမေရိကန်နှင့်အီးယူမှ ယခုနောက်ပိုင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုအချို့ကို ဖယ်ရှားပေးပြီးနောက်တွင် IMF နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော အဖွဲ့အစည်းများမှ အကူအညီများ၊ ဆက်သွယ်မှုများ ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် အနောက် နိုင်ငံများအနေဖြင့် ဧပြီလ ၁ ရက် နေ့အတွင်းပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာအစိုးရမှ လွတ်လပ်ပြီး တရားမျှတအောင် ပြုလုပ်ပေးရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုကို ပြုလုပ်နိုင်ပါက ကျန်ရှိနေ သည့် ပိတ်ဆို့အရေးယူမှုများကိုပါ ဖယ်ရှားပေးရန်ရှိကြောင်း နိုင်ငံခြားသတင်းဌာနများ၏ ဖော်ပြချက်တွင်ပါရှိသည်။ မြန်မာနိုင်ငံအနေဖြင့် လွှတ်တော်မှတစ်ဆင့် တရားဝင်ထုတ်ပြန်ကြေညာထားမှုအရ ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများသို့ပေးရန် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၂ ဘီလျံ ခန့် ကျန်ရှိနေကြောင်း သိရှိရပါသည်။

Eleven Media Group

0 comments: