ဥရောပသမဂ္ဂ(အီးယူ)သည် စစ်တပ်အုပ်စိုးမှု နှစ် ၅၀ ကျော်ကြာမြင့်ခဲ့ပြီးနောက် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ ပြုလုပ်နေသည့် လက်ရှိအစိုးရအား အသိအမှတ်ပြုသည့် ပထမခြေလှမ်းအဖြစ် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ၀န်ကြီးအဖွဲ့အပါအ၀င်ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်များအား ခရီးသွားလာခွင့် ပိတ်ပင်ထားမှုအား ယမန်နေ့က ရုပ်သိမ်းပေးလိုက်ကြောင်း ကြေညာခဲ့သည်။
အီးယူ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ''ကျွန်မတို့ဟာ သမိုင်းဝင်အပြောင်းအလဲတွေမြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်ဖို့ အာဏာပိုင်တွေကို ကျွန်မတို့ အလေးအနက်တိုက်တွန်းပါတယ်"ဟု အဖွဲ့တွင် ကြေညာချက်၌ပြောကြားထားသည်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment