အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်းနှင့် ဗန်းမော်မြို့များသို့ ၃ ရက်ကြာ စည်းရုံးရေးနှင့် မဲအောင်နိုင်ရေး ခရီးစဉ် သွားရောက်မည်ဟု မြစ်ကြီးနားမြို့ အန်အယ်လ်ဒီရုံးမှ ပြောသည်။
ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် လေယာဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ယင်းနေ့တွင် မိုးကောင်းမြို့သို့ နေ့ချင်းပြန် သွားရောက်မည် ဖြစ်သည်။
၂၄ ရက်နေ့ည မြစ်ကြီးနားမြို့တွင် ညအိပ်မည်ဖြစ်ပြီး ယင်း ၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ လူထုဟောပြောပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။
ယင်းနောက် ဗန်းမော်မြို့သို့ ခရီးဆက်ကာ ဗန်းမော်မြို့မှ ၂၅ ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရန် စီစဉ်ထားရှိသည်ဟု မြစ်ကြီးနား အန်လယ်လ်ဒီ ရုံးမှ ပြောဆိုချက်အရ သိရှိရသည်။
How to Get a Bonus in Pana365 Casino Bangladesh?
2 weeks ago
0 comments:
Post a Comment