စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, February 2, 2012

ဘန်ကောက်က The Lady ကြော်ငြာ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က မြန်မာတွေ အများစု ရှိတဲ့နေရာမှာ ကြော်ငြာထားတဲ့ The Lady ဇာတ်ကားပါ။ ဒီနေ့ကနေ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ မေဂျာစီနီပလပ်စ် အဆင့်မြင့်ရုံကြီးမှာ ပြမယ်၊ မိမိအခန်း ဖန်သားပြင်ကနေ မစောင့်နဲ့တော့၊ နောင်တ ရသွားလိမ့်မယ်တဲ့။

ဧရာဝတီသတင်းဆိုဒ်မှာရော၊ ဘလော့ဂ်မှာပါ The Lady ဇာတ်ကား လင့်ခ်ကို လာလာတောင်းကြတာ တွေ့ရပါတယ်။ ဇာတ်ကားအပြည့်ကြည့်နိုင်တဲ့ လင့်ခ်ကတော့ ခုထိ မမြင်မိသေးပါဘူး။ တလောက ဘလော့ဂ်တွေမှာ The Lady ဇာတ်ကားဆိုပြီး ပွနေတဲ့ လင့်ခ်ကလည်း ဘားမားကွန်စပိုက်ရေစီဆိုတဲ့ ပြင်သစ်ရိုက် မြန်မာ့ဇာတ်ကြောင်းကားပါ၊ The Lady နဲ့ မှားနေကြတာသာ ဖြစ်ပါတယ်။ ရုပ်ရှင် ဒေါင်းလုဒ် အကျော်အမော်များကိုလည်း မေးပြီးပါပြီ။ မတွေ့သေးပါဘူး။ နမူနာဇာတ်ကားနဲ့ ဓာတ်ပုံတွေကတော့ ဒီဘလော့ဂ်မှာပဲ မကြာခဏ တင်ပြီးပါပြီ။

ဘန်ကောက်မှာ ရှိနေတဲ့ စိတ်ဝင်စားသူ မြန်မာများကတော့ သွားရောက်အားပေးကြည့်ရှုနိုင်ပြီ ဆိုတဲ့အကြောင်း ...။

0 comments: