စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, February 5, 2012

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏ သင်္ဃန်းကျွန်းမြို့နယ်တွင်ဒီကနေ့ပြောကြားသောမိန့်ခွန်း(ဓာတ်ပုံ-အသံ)










ကျွန်တော်သင်္ဃန်းကျွန်းသားပါ…. ဒီသင်္ဃန်းကျွန်းမှာပဲ ကျွန်တော်တို့ ၈၈ ကို စတင်ခဲ့တာပါ…. ဒါကြောင့် သင်္ဃန်းကျွန်းသားအချင်းချင်းတော့ ဘာမှ အထူးအထွေ ပြောစရာလိုမယ်မထင်တော့ပါဘူး…. ဟုတ်တယ်မလား ….
(ဟုတ်ပါတယ်) လူထုအော်သံများ
သင်္ဃန်းကျွန်းသားတွေက အခက်အခဲအမျိုးမျိုးကို ရင်ကော့ပြီးတော့ ရင်ဆိုင်ခဲ့ပြီးပြီ…. နံပါတ်တုတ်တွေရှေ့မှာလည်း အလံကိုင်ပြီးတော့ တက်ခဲ့ပြီးပြီ…. သင်္ဃန်းကျွန်းသားတွေ သတ္တိသွေး ဘယ်အရောင်ရှိတယ်ဆိုတာလည်း ပြခဲ့ပြီးပါပြီ… ဟုတ်တယ်မလား …
(ဟုတ်ပါတယ်) လူထုအော်သံများ

လူထုအား နှုတ်ခွန်းဆက်စကားပြောနေသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပုံရိပ်များကို မှတ်တမ်းတင်နိုင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော် သင်္ဃန်းကျွန်းသားပါ ဟု စကားအစချီသွားခဲ့ပြီး ဒီကနေ့တော့ ဒေါင်းအလံတွေ ပြန်စိုက်နိုင်ခြဲ့ပီဟု စကားအဆုံးသတ်သွားခဲ့တယ်..။

0 comments: