စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, March 10, 2012

အလှူတော်မင်္ဂလာ ပြည်ခရီးစဉ်

ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက်ရှိ “ရွှေရန်ပြေဘုရား” ဗုဒ္ဓပူဇနိယပွဲတော်၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၊ မြတ်စွယ်တော်အပူဇော်ခံပွဲ၊ သစ်သီဆွမ်းကပ်လှူပူဇော်ပွဲ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲ၊ မယ် သီလရှင်ဝတ်ပွဲ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်တို့ကို ၁.၃.၂၀၁၂ မှ ၇.၃.၂၀၁၂ အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သောအလှူတော်မင်္ဂလာပွဲတော်ကြီးသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်းသား/သူများတို့သည်၆.၃.၂၀၁၂ နံနက် (၇း၀၀) နာရီအချိန်တွင်“ရွှေစင်စင်္ကြာ” ခရီးသွားအထူးယာဉ်ကြီးဖြင့် စတင်ထွက်ခွာခဲ့သည်။

ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ဆိုဒ်ရောက်ရှိ ခဲ့ပြီးခေတ္တခဏအနားယူကြပြီးညနေပိုင်းတွင် ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးတို့မှ အသင်းသား/သူများအား ပြည်မြို့ရှိ ဘုရားစေတီများထံသို့ ပို့ဆောင်ပေးခဲ့ပြီး ည (၆း၀၀) နာရီအချိန်တွင် ရွှေပေါက်ပင်ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ကြပြီးနောက် “ရွှေရန်ပြေဘုရား”ကြီးအားပန်းပေါင်းတစ်ထောင်ပူဇော်ပွဲကျင်းပခဲ့ပြီးည (၉း၀၀) နာရီအချိန်တွင် “ရွှေရန်ပြေဘုရား” ဗုဒ္ဓပူဇနိပွဲတော် အထိမ်းအမှတ်အဖြစ် ဂီတဖျော်ဖြေပွဲအခမ်းအနားတွင်လည်းနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝါသနာရှင် အဆိုတော်များမှလည်းကုသိုလ်ဖြစ် ပါဝင်သီဆိုခဲ့ကြပြီးနောက် တစ်နေ့တာပင်ပန်းနွမ်းနယ်မှုများအတွက် အိပ်စက်အနားယူခဲ့ကြတော့သည်။

၇.၃.၂၀၁၂ နံနက် (၅း၀၀) နာရီအချိန်တွင် သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပြီးရွှေပေါက်ပင်ကျောင်းတိုက်တွင်နယ်အသီးသီးမှ ဒုလ္လဘရဟန်းခံမည့် သံဃာတော်အပါး (၅၀)အတွက် သင်္ကန်း (၅၀)စုံအားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ လှူဒါန်းခဲ့ပြီးနောက် ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူအားလှည့်လည်ပူဇော်ပွဲတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ သာသနာ့ အလံတော်အားဦးဆောင်လွှင့်ထူကာစွယ်တော်များအားဆက်ကပ်မည့် ပန်းမာလာများအားဒေါ်ရွှေဇီးကွက် နှင့် အသင်းသား/သူများကကိုင်ဆောင်ကာရွှေပေါက်ပင်ကျောင်းဝင်းအတွင်းဓမ္မမိတ်ဆွေ ဧည့်ပရိသတ်(၅၀၀၀၀)ခန့်နှင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ နံနက် (၁၀း၀၀) နာရီအချိန်၌ နိဗ္ဗာန်ဈေးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ရွှေပေါက်ပင်ဆရာတော်ကြီးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနိဗ္ဗာန်ဈေးဆိုင်ခန်းပေါင်း (၂၀၀) ကျော်ရှိခဲ့ရာနာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်းစတီးပန်းကန်ပြား၊ စတီးသောက်ရေခွက်၊ စတီးမတ်ခွက်တို့အားကံစမ်းမဲကဒ်ပြား(၆၀၀)နှင့် အမျိုးသမီး(ကြီး/ငယ်) အဝတ်အစား (၃၀၀)အားမဲဖောက်၍ လှူဒါန်းဒါနပြုခဲ့သည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)၏ဆေးခန်းခွဲဖြစ်သည့် ပြည်မြို့ရှိ မိုးမေတ္တာပရဟိတလူငယ်များဦးစီးသောသုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)မှ ဆရာဝန်များ၊ အသင်းသား/သူများ၊ ဝန်ထမ်းများတို့သည်လည်း “ရွှေရန်ပြေ” ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြသောဓမ္မမိတ်ဆွေပရိသတ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး နိုင်ရန်အတွက် ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းရှိ တည်ဆောက်ဆဲဓမ္မရုံ၌ ဖွင့်လှစ်ကာကျန်းမာရေး(အခမဲ့) ကူညီစောင့်ရှောက်မှုများပေးလျက်ရှိပါသည်။ ၇.၃.၂၀၁၂ နေ့လည်ပိုင်းတွင် ပြည်မြို့၊ မိုးမေတ္တာပရဟိတလူငယ်များဦးစီးသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)၏ တိုးချဲ့ဆောင်ရေစက်ချအလှူတော်နှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးအတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အသင်းသား/သူများတက်ရောက်၍ ရေစက်သွန်းချပြီးနောက် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)၏ ထပ်မံတိုးချဲ့ဆောင်အား လှူဒါန်းခဲ့ကြသည့် အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပြီးနောက် ခေတ္တရာမြို့သစ်၊ “ဓမ္မောဒယကျောင်း” ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကလေးများအတွက် ဆရာတော်ကြီးအားအဝတ်အထည်များ လှူဒါန်းပေးအပ်ပြီးဥက္ကဋ္ဌဦးကျော်သူမှ အလှူရှင်များအားကျေးဇူးတင်စကားပြောကြားခဲ့သည်။ထို့နောက် ပြည်မြို့၊ နာရေးကူညီမှုအသင်း(ပေါင်းတလည်)သို့နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်တစ်စီးလှူဒါန်းသည့် အတွက် ပေါင်းတလည် နာရေးအသင်းမှ မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ရာဥက္ကဋ္ဌ ဦးကျော် သူနှင့်ဇနီးအတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ လက်ခံရယူခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာနာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်သို့ ည (၆း၃၀) နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာခဲ့တော့သည်။

အလှူတော်မင်္ဂလာပွဲခရီးစဉ်စ/ဆုံးအတွက် လိုက်လံပို့ဆောင်ပေးခဲ့သော “ရွှေစင်စင်္ကြာ” ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်မိသားစုနှင့်တကွ မငြီးမငြူ လိုက်လံပို့ဆောင်ပေးခဲ့သောမော်တော်ယာဉ်အဖွဲ့သားများအားလုံးကိုကျေးဇူးတင်ရှိပြီးမှတ်တမ်းတင်
ဂုဏ်ပြုအပ်ပါသည်။ထိုထိုသောကောင်းမှုအလှူတော်များသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းကြသည့် ပြည်တွင်း/ပအလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၏ အများပြည်သူအတွက် အများပြည်သူကောင်းမှုအလှူဒါနပင်ဖြစ်တော့သည်။





Kyaw Thu

0 comments: