စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, March 10, 2012

ဒုတိယတန်း ကျောင်းသူကို အတန်းပိုင်ဆရာမက ကျောင်းစာ မလုပ်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်မှု



ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အ.ထ.က(၂) စမ်းချောင်းမှာ ပညာသင်ကြားနေတဲ့ ဒုတိယတန်း ကျောင်းသူကို အတန်းပိုင်ဆရာမက ကျောင်းစာ မလုပ်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ဒုတိယတန်း ကျောင်းသူ မမိုးမြတ်သူဟာ နေမကောင်းတဲ့ ရက်အတွင်း လွတ်သွားတဲ့ စာတွေ လိုက်ကူးနေတဲ့အချိန်မှာ အတန်းပိုင်ဆရာမ ဒေါ်မိမိခင်က စာမလုပ်ဘူးဆိုပြီး ရိုက်နှက်ခဲ့တာကြောင့် ဘယ်ဘက်လက်မောင်းနဲ့ လက်ခလယ်မှာ ဒဏ်ရာအနာတရတွေ ရခဲ့ပါတယ်။အခုလိုမျိုး ဒဏ်ရာ အနာတရ ရခဲ့တဲ့အပေါ် ဆရာမ ဒေါ်မိမိခင်က လာေ၇ာက်တောင်းပန်တာမျိုး မရှိတဲ့အပြင် တစုံတရာ ကူညီဆောင်ရွက်ပေးမှုမျိုးလဲ မရှိတဲ့အတွက် ကလေးငယ်ရဲ့ မိခင်က သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ဒီကိစ္စကို စုံစမ်း အရေးယူပေးဖို့အတွက် တိုင်ကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။




0 comments: