စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, March 10, 2012

အိုးစည်တောင်ကို မိုင်းခွဲဖြို




(ဓါတ်ပုံ-ခွန်ခေါင်)

ရှမ်းပြည်နယ် ကလောမြို့ အ၀င်မှာရှိပြီး ဒေသခံတွေ မြတ်နိုးအလေးထားတဲ့ အိုးစည်တောင်ကို ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက မိုင်းခွဲ ဖြိုဖျက်နေပါတယ်။ အိုးစည်တောင်ဟာ ဒေသခံတွေအတွက် ပါးစပ်ရာဇ၀င်များစွာရှိပြီး အလောင်းတော်ကသဖ ဘုရားနဲ့ တောင်ကြောတစ်ဆက်တည်း တန်းတယ်လို့ ဒေသခံတွေက ယုံကြည်နေကြသလို ရှမ်းရိုးရာ အိုးစည် ပုံသဏ္ဍန်ရှိတာကြောင့်လဲ ဒေသခံတွေက ပိုပြီးမြတ်နိုးကြတာပါ။ အိုးစည်တောင်နဲ့ ကပ်လျှက် တောင်တွေမှာလဲ ဘုရားတစ်ဆူစီ တည်ရှိပါတယ်။ အခု သော်တာဝန်းကုမ္ပဏီဟာ ဒေသခံတွေ တားဆီးကန့်ကွက်ခြင်း၊ စာပို့တောင်းပန်ခြင်းပြုလုပ်နေတဲ့ကြားကပဲ တောင်ကိုဖြိုဖျက်နေတာ ဓါတ်ပုံတွေမှာမြင်တွေရတဲ့အတိုင်း ဘုရားတစ်ခြမ်းပြိုသွားပါပြီ။ မိုင်းဒဏ်ကြောင့် ပြိုသွားခဲ့ခြင်းဖြစ်ပြီး ဆက်လက်ပြီး တစ်တောင်လုံး ဆက်ဖြိုသွားဖို့ အခြေအနေတွေ ဖြစ်နေပါတယ်။

 DVB TV News

0 comments: