(Photo Courtesy San Yu Kyaw)
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ စေတနာ့ ဝန်ထမ်း သံအမတ်ကြီး တဦးဖြစ်တဲ့ ဟောလိဝုဒ် အက်ရှင်မင်းသား ဂျက်ကီချန်းဟာ ဒီကနေ့ မန္တလေးမြို့ကို ကိုယ်ပိုင်လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။
မင်းသား ဂျက်ကီချန်းဟာ ၃ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးရေးဌာန (မန္တလေး) တို့မှာ ရှိတဲ့ လူကုန်ကူးခံရပြီး ပြန်လွတ်မြောက်လာတဲ့ ကလေးသူငယ်တွေ၊ မိဘမဲ့ ကလေးတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
မစ္စတာချန်းဟာ ၂ဝဝ၄ ခုနှစ်က စပြီး UNICEF ရဲ့ စေတနာ့ ဝန်ထမ်း အထူး သံအမတ်ကြီး တာဝန် ယူခဲ့ပြီး ကလေးသူငယ်များ လူကုန်ကူးခံရမှု ပပျောက်ရေး အတွက် UNICEF ရုံးစိုက်ရာ နိုင်ငံပေါင်း ၁၉ဝ ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။
တရုတ် အက်ရှင်မင်းသား မစ္စတာချန်းဟာ ဇူလိုင်လ ၇ ရက်နေ့ကျရင် ရန်ကုန်မြို့ UNICEF ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့လည်း သိရပါတယ်။











0 comments:
Post a Comment