စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, July 22, 2012

သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို ရောက်လာပြီ

ဓာတ်ပုံ- Yangon Media Group

သမ္ဗတ ဦးသိန်းစိန်ဟာ ယနေ့ ဇူလိုင်၂၂ ရက်နံနက် ၁၁ နာရီ ၅ မိနစ်က ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ပါ တယ်။

ထိုင်း- မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ် ကို MAI လေကြောင်းလိုင်းနဲ့ ရောက်ရှိလာစဉ် ထိုင်းနိုင်ငံက ကောဇော နီခင်းပြီး ကြိုဆိုခဲ့ကြောင်း သိရပါတယ်။

ဦးသိန်းစိန်၏ ခရီးစဉ်သည် လွန်ခဲ့သည့် မေလကုန်က ဇွန်လဆန်းက ဒေါ်အောင်ဆန်းစုကြည်တက်ရောက်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာကတည်းက တက်ရောက်လာဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာပါ။
နောက်ပိုင်း ထိုင်းအစိုးရ က ဆက်လက် ဖိတ်ကြားခဲ့ပေမယ့် ရခိုင်ပြည်နယ်အရေး၊ အစိုးရ အဖွဲ့အတွင်း ပြုပြင်
ပြောင်းလဲရေး လုပ်ငန်းစဉ်များရှိတဲ့အတွက် ခရီးစဉ်ကို ရွှေ့ဆိုင်းထားခဲ့တာလည်းဖြစ်ပါတယ်။

ချစ်ကြည်ရေး အလည်အပတ်ခရီးအတွက် သမ္မတဦးသိန်းစိန်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဒွန်မောင်းလေဆိပ်သို့ တနင်္ဂနွေနေ့ ဇူလိုင် ၂၂ ရက်၊ ၂၀၁၂ ခုနှစ်က အထူးလေယာဉ်ဖြင့် ရောက်ရှိလာစဉ်။ ဓာတ်ပုံ - MJA

0 comments: