အဟက် အဟက် ..ဘေးကို ဘယ်ကွေ့  ညာကွေ့ ....
ကိုဟန်လေး လက်၇ာ...
မြန်မာအစိုးရမှာ အမြဲတမ်းကလိမ်ကကျစ်လိမ်ညာ တကိုယ်ကောင်းဆန်ပြီး ကိုယ့်ဖက်ကိုယ်ယှက် အာဏာရူး လူကြီးလုပ်ချင် ပြုတ်မှာအင်မတန်ကြောက်၊ ကပ်ဖားယှက်ဖားလုပ်တတ်တဲ့ ညဏ်ကို အသက်သေသေအရေခမ်းခမ်း စွဲမြဲစွာ လက်ခံ ထိမ်းသိမ်းလာခဲ့တာ အတိတ်မှာရော ပစ္စုပ္ပန်မှာရော အပျက်မယွင်းဇွဲရှိတာတော့ သြော်ချယူရလောက်ပါတယ်။
စစ်အာဏာ၇ှင်ကို မကြိုက်ဘူးဆိုတဲ့ ပြည်သူတွေကို မလိမ်တစ်ပတ်နဲ့ ယူနီဖောင်းချွတ်ဟန်ဆောင်ပြိး တိုက်ပုံပုဆိုးနဲ့ ခတ်တည်တည် ဘယ်ပြည်သူလူထူမှရွေးကောက်တင်မြောက်ခြင်းမ၇ှိပဲနဲ့ လွတ်တော်ဥက္ကဌ ဖြစ်လိုဖြစ်၊ သမ္မတဖြစ်လိုဖြစ်၊၀န်ကြီးတွေဖြစ်လိုဖြစ်။ ၀န်ကြီးဌာနတွေမှာလည်းစစ်တပ်လူဝတ်လဲတွေက ဖြစ်စေဆိုတာနဲ့ ၀န်ကြီးတွေဖြစ်။ အစဉ်မပြေဘူးဆို ဟိုက သည်ကိုပြောင်းနဲ့ လွယ်လိုက်တာ။ ဒုသမ္မတဆိုသူကလည်း ကိုယ့်လျိုးကိုယ်ပတ်ဆိုသလို မိမိတို့ ချမှတ်ထားတဲ့ အခြေခံဥပဒေနဲ့ မိမိပြန်ငြိစွန်းနေတာက ဟာသ တစ်ခုလိုဖြစ်နေတာက လူရယ်စရာ။ အခြေအမြစ်မ၇ှိတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတာ ဖော်ပြနေသလိုပါပဲ။
တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဝန်ကြိးတွေလည်း၇ှိပါရဲ့ ပြည်သူလူထုအတွက် ဘာမှလုပ်ပေးပိုင်ခွင့်မ၇ှိ။ ရုပ်သေးလိုလို ကြိုးစွဲရာက ရတဲ့သူတွေ။ အထူးသဖြင့် ကချင်ဝန်ကြိးဆို ဘယ်ပျောက်နေမှန်းတောင် ကျွန်တော်တို့ ကချင်ပြည်သူတွေ မသိရ။ နေ့စဉ်ရက်စက် စစ်တွေဖြစ်လူတွေ ဒုက္ခရောက်နေတာ ကချင်ဝန်ကြီး၊ ကြံဖွတ်တွေ ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ချင်းမလှပျောက်နေတာဘယ်ကြောင့်လဲ။ ဘယ်ဒုက္ခသည်စခန်းကိုမှသွားရောက်လေ့လာပြီး မိမိပြည်သူတွေကို အားပေးနစ်သိမ့်မှုပေးတယ်ဆိုတာ မကြားရမမြင်ရ။ စစ်အစိုးရခန့်ထားတဲ့ ကချင်ဝန်ကြီး တွေ ဟာ ကချင်ပြည်သူတွေအပေါ် စစ်အစိုးရအမိန့်မရပဲ ဘာမှလုပ်လိုပမရဘူးဆိုတာ အ၇ှင်းကြိး။ ဒီလိုလူတွေကို ကျွန်တော်တိုကချင်ပြည်သူတွေအနေနဲ့ လုံးဝအလိုမရှိတာ အလွန်လား။
သမ္မတကြီးကိုယ်တိုင်ငြိမ်းချမ်းရေးအဖွဲ့ဖွဲ့ထားကာမှ နေ့ရက်စဉ်ဆက် တိုက်ပွဲတွေပြင်းထန်နေတာ ယုတ်တိမ၇ှိတော့ဘူး။ စစ်ကို လိုလားစွာထိုးစစ်ဆင်တိုက်နေတာ၊လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေက သမ္မတကြိးမှာ တားဖို့တောင် အခွင့် အာဏာမ၇ှိမှတော့ ဘယ်လိုလုပ်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မှာလဲ။ ငြိမ်ချမ်းရေးဆိုပြီးဘယ်လောက်ပဲအော်နေပြောနေ ၊ပါစပ်နဲ့ လွယ်လွယ်ငြိမ်းချမ်းလို့မှမရတာ။ လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာ ကချင်ပြည်သူတွေလိုလားအပ်သော ဖယ်ဒရယ်ပြည်ထောင်စုကို မလှမ်းနိုင်သရွေ့တော့ ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး။
ကချင်ပြည်နယ်ကို တော့ အနက်ရောင်နယ်မြေလိုထားပြီး စစ်တပ်က ကြိုးကိုင်တိုက်နေလို့ကတော့ ဘယ်တော့ မှငြိမ်းချမ်းမှာမဟုတ်ဘူး။ ကချင်ပြည်နယ်ကိုကျတော့ မီးစတစ်ဖက်ရေမုတ်တစ်ဖက်လုပ်ပြီး ရခိုင်ကိုကျတော့ ရေမုတ်တစ်ဖက် မီးစတစ်ဖက်နဲ့ မြန်မာစစ်အစိုးရက ကချင်နဲ့ ရခိုင်ကို တိုက်တာခြင်းအတူတူပါပဲ။ နည်းလမ်းကွာတာပဲ၇ှိတယ်။ ရခိုင်မြေက ဘင်္ဂလီကို မြန်မာအမျိုးသားစိတ်အပြည့်အ၀နဲ့ တိုက်ထုတ်ရမယ့်အစား လေးသိန်းတောင်တရားဝင်လက်ခံလိုက်တာက သမ္မတကြီးက သဘောထားကြီးလို့ ညဏ်အမျှော်အမြင်ကျယ်လို့ဆိုပဲ UNHCR နဲ့တောင်ဆွေးနွေးပြီးလက်ခံထားလိုက်သေးတာက လူသားချင်းစာနာတတ်လိုက်တာ။အမျိုးထိတော့ နာတတ်သလိုစာနာတတ်သလို တော်တော်တရားကျဖို့ကောင်းလိုက်တာ။
မိမိသွေးချင်းတွေ တစ်နိုင်ငံတည်းသားကို ကျတော့ သဘောထားမကြီးနိုင် သတ်ဖြတ်နေတာက အမေကျော်ဒွေးတော်လွမ်းတာပဲ။ ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းမှာနေတဲ့သူတွေကိုလည်း ကေအိုင်အေဆိုပြီးဖမ်းလိုဖမ်း ၊ ကချင်မှန်၇င်ကေအိုင်အေဆိုပြီး သံသယမျက်လုံးတွေနဲ့ ပြည်သူတွေကို စိတ်အနှောက်အယှက်ပေး စိတ်မလုံမခြုံခံစားမှုတွေ
ကိုဖြစ်စေတာက နှိပ်စက်မှု၇ဲ့ အဆိုးဝါးဆုံးပဲ။ ရဲတွေစစ်သားတွေကလည်း ပေးထားတဲ့ အာဏာတစ်ပဲ ကို ပြည်သူတွေအပေါ်တစ်ပိသာလောက်သုံးပြီး အာဏာပြဆိုးသွမ်းရမ်းကားနေတာက ဆရာကာင်းတပည့်ပီသပါပေရဲ့။
မြန်မာစစ်အစိုးရက သိပ်ပြီးတရားမျှတပါပေရဲ့ ပွင့်လင်းမြင်သာမှုရှိတယ်ဆို ဘာလို့ စစ်သတင်းတွေကို မထုတ်ပြန်ရတာလဲ။အသေအပျောက်စာရင်း အနာတရစာရင်းတွေ ဘယ်စစ်တပ်က ကချင်ပြည်ဘယ်နေရာတွေတိုက်နေတယ်ပေါ့။ ရိုးသားမှု၇ှိတယ်၊တရားမျှတတယ်၊ မှန်ကန်မှုတွေ၇ှိတယ်ဆို စစ်သတင်းတွေကို မြန်မာသိကမ္ဘာသိထုတ်ပြန်ကြေငြာရမှာပေါ့။ အမြဲတမ်းသတင်းအမှောင်ဖုံးတဲ့ အကျင့် မပျောက်သရွေ့ ဘယ်လိုပြည်သူတွေကယုံကြည်မူပေးနိုင်မှာလဲ။ နှစ်ဖက်သော စစ်သားတွေဆိုတာကလည်း ဘာရန်ငြိုးရန်စရှိတာလည်းမဟုတ်။ တိုက်နေရတယ်။
မြန်မာစစ်သားတွေမှာရည်ရွယ်ချက်မဲ့တိုက်နေရတယ်။ ကချင်စစ်သားတွေက မိမိပြည်နယ်၊ မိမိလူမျိုး အတွက် အသက်သွေးချွေးပေးစပ်တိုက်နေရတယ်။ မြန်မာစစ်တပ်က တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ ရဲဘော်စစ်သားတွေဆိုတာကလည်း ပုရွက်ဆိတ်တစ်ကောင်လောက်တောင် အသုံးအ၀င်တော့တာက မြန်မာ့တပ်မတော်ရဲ့ ဂုဏ်အင်တွေလား။သေရင်ပြီးပြီးရောလုပ်တတ်တဲ့ အကျင့်ကို တပ်မတော်သားတွေ သင်ခန်းစာယူဖို့ကောင်းနေပြီ။
စစ်ရဲ့ဒဏ် ကို မခံစားရတဲ့ သူတွေတောင်မြင်နေရကြားနေရတာ နဲ့တင်ငြိမ်းချမ်းရေးဆိုပြီးအော်နေကြတာ ခံစားရတဲ့သူတွေက ပို လို့တောင်ငြိမ်းချမ်းမှုကို လိုချင်တာပေါ့။ ဘယ်သူက ဒုက္ခဆင်းရဲကို လွယ်ပိုးထားပြီး ထမ်းထားချင်မှာလဲ။ သို့သော် ကချင်ပြည်သူတွေအနေနဲ့ကတော့ မိမိတို့လိုချင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု မရမချင်း ဒီဒုက္ခဆင်းရဲကို ရင်ဆိုင်ကျော်လွားဖို့ဆုံးဖြတ်ထားကြတာ တက်ညီလက်ညီပါပဲ။ အတုအရောင်ငြိမ်းချမ်းရေးနဲ့ မလိမ့်တစ်ပတ်အာမခံချက်မရှိတဲ့ ငြိမ်းချမ်းရေး ကတော့ ကချင်ပြည်သူတွေအတွက် အသုံးမ၀င် ဆေးမတိုးတော့တာကတော့ အတွေ့အကြုံက စကားပြောနေတာပါပဲ။
by Tsaw Ra on facebook
0 comments:
Post a Comment