စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, July 21, 2012

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးတော့မည်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဖြတ်သန်းမှုတွေကို အခြေခံတဲ့ အထုပ္ပတ္တိ
မှတ်တမ်းရုပ်ရှင်ကို ဒီနေ့မှာပဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စတင် ရိုက်ကူးလိုက်ပါတယ်။

ကြည့်ရှုချိန်(၁) နာရီခွဲစာလောက် ကြာမြင့်မယ့် အဲဒီမှတ်တမ်းရုပ်ရှင်ကို
အခန်း (၉) ခန်းခွဲပြီး တင်ဆက်သွားမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက
ပြောပါတယ်။

တကယ်တော့ ဒီဇာတ်ကားကို ရိုက်ကူးဖို့ လွန်ခဲ့တဲ့ တနှစ်ကျော်လောက် ကတည်းကဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုချက်ကို ရယူထားခဲ့ကြောင်း ကိုမင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အကြောင်း မှတ်တမ်းရုပ်ရှင်ကို (၁)နှစ်ခွဲကြာ
အချိန်ယူ ရိုက်ကူးမှာဖြစ်ပါတယ်။

မှတ်တမ်းရုပ်ရှင်နဲ့ပတ်သက်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို RFA
ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ မေးမြန်းချက်



RFA Burmese

 

0 comments: