ဗိုလ်မူးချုပ်ကျော်ဦးလွင်
“ ကျွန်တော်တို့ ဒီကိစ္စကို ကာကွယ်ရေးဦးစီးချုပ်ထံတင်ပြရအုံးမှာ ပါ ဒီ ခုနှစ်ရက်အတွင်း ဒုတိယသမ္မတ အသစ်ကို ရွေးချယ်တင်ပြမှာ ပါ လောလောဆယ်ဘယ်သူဆိုတာပြောဖို့စောပါသေးတယ်”ဟု The Messenger ဂျာနယ်သို့ပြောကြားသည်။
ဦးသိန်းညွှန့်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
“ဘယ်သူ့ကိုဖြစ်စေချင်တယ်ဘယ်ဝါကိုဖြစ်စေချင်တယ်လို့တောပုဂ္ဂိုလ်ရေးအရ မရှိပါဘူး၊နို်င်ငံသားတွေနဲ့နိုင်ငံအတွက်တန်ဖိုးရှိတဲ့သူကိုဖြစ်စေချင်ပါတယ် ဒုတိယသမ္မတဖြစ်ဖို့ကလည်း ဖွဲ့စည်းပုံနဲ့ ညီဖို့လိုသေးတယ်လေ ဘယ်သူပဲတက်လာတက်လာ တပ်မတော်သားတွေ က နိုင်ငံအတွက်အမှန်တစ်ကယ်လိုအပ်တဲ့ ဒုသမ္မတတစ်ယောက်ကိုရွေးပေးနိုင်ပါလိမ့်မယ်။“
ဦးခိုင်မောင်ရည်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
“ငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးရာမှာ ဒုတိယသမ္မတ ရဲ့အခန်းကဏ္ဍကလည်းအရေးပါတယ်လေ ဟိုဘက်ဒီဘက်ယုံကြည်တဲ့သူဖြစ်စေချင်တယ်၊နောက်တစ်ခုက သမ္မတကြီးနဲ့အပေးအယူမျှတဲ့ သူဖြစ်စေချင်တယ် လွှတ်တော်နဲ့အုပ်ချုပ်ရေးနှစ်ခုကြားမှာ အပြန်အလှန်ထိမ်းကျောင်းနိုင်တဲ့ သူဖြစ်စေချင်ပါတယ်၊ အခုကြားနေတာကတော့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လည်းကြားထားတယ် သူနဲ့လည်းသင့်တော်တယ်လို့မြင်တယ် ဒါပေမယ့် သူ့ကိုဒုသမ္မတ ခန့်အပ်ရင် အရင်ဆုံးကန့်ကွက်ကြမှာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေပဲလေ ဖွဲ့စည်းပုံအရ ကြည့်ရင်လည်း ဒုသမ္မတနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ က rank လည်းတူတယ်လေ ကျွန်တော်တို့သဘောကတော့ ဥက္ကဌကြီး ကိုမဖြစ်စေချင်ပါဘူး၊ နောက်ပြီးလွှတ်တော်ထဲမှာပြောဆိုနေကြတဲ့ ထင်ကြေးပေးနေကြတဲ့သူတွေဖြစ်နိုင်သလို အားလုံးမထင်ထားတဲ့သူတစ်ယောက်လဲဖြစ်လာနိုင်တယ်လေ၊ ဒုတိယသမ္မတကို တပ်မတော်သားတွေရွေးရတာဆိုပေမယ့် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောကလည်း အရေးပါတယ်လေ။”
0 comments:
Post a Comment