စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, July 15, 2012

ရာဇ၀တ်မှုများ ထိမ်ချန်ဖျောက်ဖျက်ထားခြင်း




(က) ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင်
အမှုဖွင့်ထားသော ရာဇ၀တ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁။ ပ/၅၃-၂၀၁၁၊ ၂၉၅/၃၂၃/၁၁၄
(သီလရှင်ဆရာလေး တစ်ပါးအား အုပ်စုဖွဲ့ အကြမ်းဖက်ဝင်ရောက် ရိုက်နှိက်မှု)

၂။ ပ/၅၈-၂၀၁၁၊ ၂၉၅/၃၇၉/၁၁၄ (စုတ်ချွန်း(ခ) သန်းဠေးနှင့်
အဖွဲ့မှ သံဃိကပိုင် ကျောင်း-ဇရပ်-နတ်လမ်း များမှ အဆောက်အဦးသုံး ပစ္စည်း
ခိုးထုတ်ရောင်းချခြင်း ကိစ္စ)

၃။ ပ/၅၇၅-၂၀၁၁၊ ၂၉၅/၃၇၉/၁၁၄ (စိန်လှိုင်
စက်ဘီးပစ္စည်းရောင်းသူ- ယခင် ရယကဥက္ကဋ္ဌဟောင်း)
အထက်ပါ ရာဇ၀တ်မှုခင်းများအား မရမ်းကုန်း ရဲစခန်းမှုးဖြစ်သူ ဦးဇော်လွင်သည်
မရမ်းကုန်းမြို့နယ် ဥပဒေရုံး၏ ၈.၆.၂၀၁၁ ရက်စွဲပါ- စာအမှတ် ၁၂-၄ (၂) ၁/၃
(၅၇၈) ဖြင့် တရားစွဲဆိုတင်ပို့ရန် ခွင့်ချရရှိပြီးဖြစ်သော်လည်း
ဥပဒေနှင့်အညီ တရားရုံးသို့ တင်ပို့ခြင်း မရှိပဲ အနောက်ခရိုင်
ရဲတပ်ဖွဲ့ရုံး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံး နှင့်
နေပြည်တော်ရဲချုပ်ရုံးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ သြဇာအရှိန်အ၀ါကို
ရယူပြီး ထိမ်ချန်ဖျောက်ဖျက်ထားသည့် အုပ်စုဖွဲ့ ဥပဒေမဲ့
ရဲစည်းမျဉ်းစည်းကမ်းဖောက်ဖျက် အဂတိလိုက်စားမှု ဖြစ်ပေါ်နေပါသည်။

(ခ) ရာဇ၀တ်မှုခင်းများသည် မည်သည့်ပုဂ္ဂိုလ် ကျုးလွန်သည် ဖြစ်စေ
ကျောသားရင်သားမခွဲခြားပဲ "ဥပဒေအထက်တွင် မည်သူမှ မရှိ" ဆိုသည့်
ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။

(ဂ) တရားဥပဒေစိုးမိုးရေး တရားစီရင်ရေး အုပ်ချုပ်ရေး ကိစ္စများ
မမှန်မကန်ဆောင်ရွက်ထားသည်မှာ ထင်ရှားပါသည်။

(ဃ) မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ
တိုင်းရဲတပ်ဖွဲ့မှုးရုံးသို့ ဥပဒေအရ ဆောင်ရွက်ပေးရန် ညှိနှိုင်း
အကြောင်းကြားသော်လည်း ပွင့်လင်းမြင်သာသည့် ဆောင်ရွက်မှု တစ်စုံတရာမရှိ
ဖြစ်နေပါသည်။

(င) သို့ဖြစ်ရ်ျ ပြည်ထဲရေးဝန်ကြီးနှင့် သက်ဆိုင်ရာဋ္ဌာနများသို့
အသိပေးတင်ပြပါသည်။

တင်ပြတိုင်ကြားသူ
ဦးဇော်ဟန်

၁၂/မရက(နိုင်) ၀၈၃၀၁၈

ဖုန်း-၀၉၅၀၁၃၅၄၇

*မှတ်ချက်* ၄င်းကိစ္စနှင့် ပတ်သက်ရ်ျ လိုက်ပါဆောင်ရွက်သူများ
အသက်အန္တရာယ် စိုးရိမ်ထိခိုက်မည့် အခြေအနေ ဖြစ်ပေါ်နေပါသည်။

0 comments: