စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, July 16, 2012

ဇူလိုင် ၁၆ ရက် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေး ဒုတိယနေ့(ယနေ့) မြင်ကွင်း

(ဓါတ်ပုံ - ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် တွေ့ဆုံပြီးလွှတ်တော်အစည်းအဝေးများတက်ရောက်ရန် ပြန်လည်ထွက်ခွာလာစဉ်)

ပြည်သူ့လွှတ်တော်အစည်းအဝေးမစတင်မီ ယနေ့နံနက် ၉း၃၀ နာရီအချိန်က
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အာင်ဆန်းစုကြည် နှင့်
ပြည်ထောင်စုလွှတ်တော်နာယကဦးခင်အောင်မြင့်တို့ အမျိုးသားလွှတ်တော်
ဥက္ကဌရုံးခန်း၌နာရီဝက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းလွှတ်တော်အစည်း
အဝေးတွင်သွားရောက်သတင်းယူနေသော TheMessengerအကြီးတန်း
သတင်းသမားတစ်ဦးကတိုက်ရိုက်သတင်းပေးပို့သည်။တွေ့ဆုံဆွေးနွေးခဲ့
ကြသည့်အကြောင်းအရာနှင့်ပတ်သက်၍နှစ်ဦးစလုံးမှသတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။

ပြည်ထောင်စုလွှတ်တော်တွင် အစည်းဝေးတက်ရောက်ရန်လက်မှတ်ရေးထိုးအပြီး ထိုင်ခုံနေရာချထား ခြင်းနှင့်ပတ်သက်၍ လွှတ်တော်ရုံးအဖွဲ့ဝန်ထမ်းတစ်ဦးအားမေးမြန်းနေပုံ၊ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေး ဒုတိယနေ့(ယနေ့) တွင် အစည်းဝေးတက်ရောက်ရန်လက်မှတ်ရေးထိုးနေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
 ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ်။

ဦးသိန်းညွန့်ကအမြဲတမ်းပြည်သူ့ကိုထင်ဟပ်စေတဲ့ပြည်သူ့ကိုယ်စားလှယ်ပါ။အမြဲတမ်းသတိထားမိပါတယ်။


ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိလူမျိုးစုထဲတွင် မပါဝင်ကြောင်း ဦးသိန်းညွန့် က ပြည်ထောင်စုလွတ်တော်သို့ တရားဝင် တင်သွင်းပြောကြားခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်သတင်းယူနေသော Popular News Journal ၏ သတင်းထောက်ကသတင်းပေးပို့သည်။

၁၆ ဇူလိုင် ၂၀၁၂။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် လွှတ်တော် ၂ရပ်ပေါင်းကျင်းပတဲ့ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ် တွေကို နေ့လည် ၁နာရီကစတင်ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်(၁/၂၀၁၂) အရေးပေါ်ကြေညာခြင်းကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးကဆွေးနွေးခဲ့ကြပါတယ်။
(Photos by Zay Gyi)

ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေကြေညာခြင်း ကို နိုင်ငံတော်သမ္မတမှ နောက်အမိန့်ထပ်မထုတ်မချင်း ဆက်လက်ထားရှိရန် ပြည်ထောင်စုလွှတ်တော်က ယနေ့အတည်ပြု။

နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၂) အရေးပေါ်အခြေအနေကြေညာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ၀င်ရောက်ဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးမှုသည် ဘာသာရေးအားဦးတည်ဆွေးနွေးသောကြေင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က လွှတ်တော်အတွင်း နိုင်ငံရေးဆွေးနွေးမှုများ သာလက်ခံကြောင်း သတိပေးပြောကြားခဲ့သည်။


တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။ အဲဒီမူကြမ်းကို ကြံ့ ခိုင်ရေးပါတီ ကွတ်ခိုင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်က အဆိုတင်သွင်းတာဖြစ်ပြီး အဲဒီအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆွေးနွေးပေးဖို့ တောင်း ဆိုတာမို့ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ၁၉၉၀ အနိုင်ရ တိုင်းရင်းသားပါတီတွေရဲ့ သဘောထားကို သိလိုတဲ့အတွက် လွှတ်တော်ပြင်ပက တိုင်းရင်းသားပါတီတွေကို ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မှာတွေ့ဆုံပြီး ဆွေးနွေးခဲ့တယ်လို့လည်း သိရပါ တယ်။


မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေးနဲ့ ပတ်သက်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို သီးခြား ထုတ်ပြန်မယ်လို့ NLD ပါတီ ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့
ပြောလိုက်ပါတယ်။

ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ- အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူမှု တချို့ကို လျှော့ပေးတာဟာ အမေရိကန် ကုမ္ပဏီတွေ အတွက်ပဲ ဖြစ်ပြီး မြန်မာပို့ကုန်တွေနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုတွေ မပါဝင်ဘဲ တဖက်သတ် ဖြစ်နေတဲ့အတွက် ဒီကိစ္စ စဉ်းစားပေးဖို့ အမေရိကန် အထက်လွှတ်တော်ကို တောင်းဆိုကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အရေးကြီး အဆိုအဖြစ် လွှတ်တော်မှာ ဒေါ်နန်းဝါနု တင်သွင်းခဲ့တဲ့ ပိတ်ဆို့ အရေးယူမှု ဆိုင်ရာ အဆိုနဲ့ ပတ်သက်ပြီး သူရ ဦးရွှေမန်းက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ အစည်းအဝေးမှာပဲ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုမှာ ရိုဟင်ဂျာ မပါဝင်တဲ့ အကြောင်း တင်သွင်းခဲ့ပါတယ်။


0 comments: