စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 18, 2012

တသက်လုံးပေးမယ့်  ငြင်းပယ်သံ ဆင်ခြေ ။




ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ
နည်းဥပဒေ ရဲ့ အပိုဒ်(၁၅)မှာ-

၁၅။ ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိုဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းကိုဖြစ်စေ ဆောင်ရွက်ခွင့် ပြုရန် တင်ပြသည့်လျှောက်လွှာကိုငြင်းပယ်ပါက ပုံစံ (၈)ဖြင့်အကြောင်းပြန်ကြားရမည်။ ယင်းပုံစံတွင်ငြင်းပယ်ရသည့်အကြောင်းရင်းကိုခိုင်လုံစွာဖော်ပြရမည်။ သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန်ငြင်းပယ်ခြင်းမပြုရ။

လို့ ဖော်ပြပါရှိတယ်။

နည်းဥပဒေအတိုင်း ကြိုက်သလောက်ခွင့်ပြုချက်တောင်း ဗျာ...
တင်လိုက်တိုင်း သေချာတဲ့ ပေါက်
ပြန်ပြောမယ့် ဆင်ခြေကို ကျုပ်ပြောမယ်...။

( စုရုံးချီတက်စဉ် နှောက်ယှက်လိုသူများမှ
ဝင်ရောက်ပူးပေါင်း၍ လှုံဆော်ခြင်း၊
ဆူပူရမ်းကားဖျက်ဆီးမှု များပြုလုပ်နိုင်သဖြင့်လုံခြုံရေးနှင့်
တရားဥပဒေစိုးမိုးမှုကို
ထိခိုက်ပျက်ပြား နိုင်ခြင်း) ဆိုတာပဲ...။

မြို့ကြိးပြကြီး ပါဆိုနေ လမ်းပိတ်စို့မှု ဆိုတာ ထည့်ပြောဦးမယ်။

ကားမည်းကြီးတွေ သွားတော့ ဘာကြောင့် လမ်းတွေပိတ်တာလဲမေးရင် လုံခြုံရေးကြောင့်၊ ဖြေမှာပဲ..။
အလှူမင်္ဂလာဆောင် ယာဉ်တန်းတွေ ဟွန်းတီးဆူညံ့ပြီး ဖြေးဖြေးသွားတော့ ဘာလို့ လမ်းတွေ ကိုယ်တိုင် တားပေးတာလဲ.. ( ယာဉ်ထိမ်း၊မီးသတ် ဝတ်စုံတွေနဲ့ အတွေ့များတယ်)

အဲဒီလိုပဲ စီတန်းလှည့်လည်တဲ့ အခါ ကူညီပြီး
ယာဉ်ကြော မပိတ်အောင်
အနှောင့်အယှက် မရှိအောင်
လုံခြုံရေးပေးလို့ မရဘူးလား။

( ပထမဆုံး ဥပဒေနဲ့အညီ လယ်သမားတွေ ဆန္ဒပြတာ ရန်ကုန်မှာပါ ။
ယာဉ်ကြောမပိတ်အောင် ၂ယောက်တွဲ ပဲ လျှောက်တယ် ၊ ဆန္ဒပြသူတွေ ကိုယ်တိုင် အပြင်လူ မနှောက်ယှက်အောင် ကြိုးတန်းကာပြီး ကိုင်လျှောက်တယ်၊ ဘေးမှာ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါ စောင့်ရှောက်တယ်... ဘယ်လောက် ကောင်းလဲ ။)

နေရာတိုင်း
လုံခြုံရေးကြောင့်
လုံခြုံရေးကြောင့် ပဲ...
ပြောနေရင် လုံခြုံအောင် ဆောင်ရွက်မပေးနိုင်တဲ့
လုံခြုံရေး တာဝန်ရှိသူတွေက ဘာလို့
ပြည်သူ့ဘဏ္ဍာ နိုင်ငံဘဏ္ဍာ စားနေတာလဲ။

ပြည်သူတွေကို ခပ်ညံ့ညံ့ပဲ ထင်နေသေးသလားဗျာ ။

+++
ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန်ငြင်းပယ်ခြင်းမပြုရ။
+++

ကိုဝိုင်ဝိုင်ကေ

0 comments: