မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်၊ ၇၃လမ်း၊ပင်မတ က္ကသိုလ်မြောက်ဘက်ရှိ တပ်မြို့စည်ပင်သာယာဈေးတွင် ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းက မန္တလေးနန်းတွင်းရှိ တပ်မတော် အရာရှိများနှင့် ဈေးသူ/ဈေးသားများ ဆိုင်ခန်းဌားရမ်းမှုနှင့် ပတ်သက်၍ ညှိနှိုင်းနေကြရာ ည၇နာ၇ီ အချိန်ခန့်တွင် ညှိနှိုင်းပြေလည်သွားပြီးဖြစ်ကြောင်း တပ်မြို့စည်ပင်သာယာေ ဈးသူ/သားများကပြောသည်။
“ဆိုင်ခန်းဌားရမ်းခ ၂လစာသွင်းဖို့ ဆိုင်ခန်းပိုင်ရှင်တွေကို တပ်မြို့စည်ပင်သာယာဈေး တာဝန်ရှိသူတွေက အခုချက်ချင်း- တစ်လစာသွင်းပေးဖို့ပြောတယ်။ မသွင်းရင် ည၇နာ၇ီမှာ ဆိုင်ခန်းတွေ ပိတ်မယ်ဆိုပြီး ပြောတယ်။ အချို့ဈေးသည်တွေ က ဒီဈေးဆိုင်မှာပဲ နေတော့ ဆိုင်ခန်းပိတ်ရင် နေစရာ မရှိမှာ စိုးလို့ တစ်လစာကို ချက်ချင်းသွင်းလိုက်တယ်”ဟု တပ်မြို့စည်ပင်သာဈေးဆိုင်ခန်းရှင်တစ်ဦးက ပြောသည်။
“လောလောဆယ် ပြေလည်သွားပါပြီး။စစ်ကားတွေလည်းပြန်သွားပြီ”ဟု ဆိုင်ခန်းရှင်တစ်ဦးကလည်း ပြောသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊၇၃လမ်းပေါ်ရှိ တပ်မြို့စည်ပင်သာယာဈေးသည် မန္တလေး နန်းတွင်းရှိ စည်ပင်သာယာဘုံပိုင်မြေ(တပ်မြေ)ပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး ဆိုင်ခန်းမြေနေရာ ဌားရမ်းခအနေဖြင့် လစဉ် တပ်မြို့စည်ပင်သာယာရုံးသို့ အခွန်ပေးဆောင်ရကြောင်း၊ 2012ခုနှစ် မတ်လအထိ ဆိုင်ခန်းမြေနေရာ ဌားရမ်းခအဖြစ် အပြင်ဆိုင်ခန်းခ တစ်လကျပ်-8000၊အတွင်းဆိုင်ခန်းခ တစ်လကျပ်-6000 ပေးဆောင်ရကြောင်း၊ဧပြီလကုန်မှစ၍ ဆိုင်မြေနေရာဌားရမ်းခများအား မူလထက် ၅ဆခန့်ထိ တိုးမြှင့်ကောက်ခံခဲ့ရာ ဆိုင်ခန်းပိုင်ရှင်ဈေးသူ/ဈေးသားများနှင့် တပ်မြို့စည်ပင်သာယာရုံးကြားအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။
Popular Myanmar News Journal
0 comments:
Post a Comment