စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 4, 2012

ဂျပန်နိုင်ငံ Japan International Cooperation Centerရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံမှ တရားဝင်နိုင်ငံရေးပါတီ အသီးသီးမှ လူငယ်(၄၂)ဦးပါ အဖွဲ့ ထိုင်းလေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင်များအား တည်းခိုရာဟိုတယ်၌ တွေ့ရစဉ်..


ဂျပန်နိုင်ငံ Japan International Cooperation Centerရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံမှ တရားဝင်နိုင်ငံရေးပါတီ အသီးသီးမှ လူငယ်(၄၂)ဦးပါ အဖွဲ့သည် ဂျူလိုင်လ ၃ရက်နေ့ မနက် ၉နာရီက ထိုင်းလေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ်သို့ ရောက်ရှိလာပါသည်။
ထိုသို့ ရောက်ရှိလာကြတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ထောက်ခံအားပေးသူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တချို့မှ အဖွဲ့ချုပ်လူငယ်များနှင့် မြန်မာနိုင်ငံမှ လူငယ်အဖွဲ့ဝင်များအား လေဆိပ်တွင် သွားရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ခံ ဒေါ်အေးအေးမာ အပါအဝင် လူငယ် အဖွဲ့ဝင်၁၀ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၅ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လေးဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၃ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ၃ဦး၊ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ ၁၃ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ၄ဦးတို့လိုက်ပါ လာခဲ့ကြောင်း သိရှိရသည်...။ မြန်မာနိုင်ငံ ပါတီအသီးသီးမှ လူငယ်အဖွဲ့ဝင်များဟာ ဇွန်လ(၃)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ တပတ်တာ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံပါလီမာန်နဲ့ သက်ဆိုင်ရာများကို လေ့လာမှာ ဖြစ်သည့်အပြင် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုဆိုင်ရာများ၊ သမိုင်းဝင် ဆိုင်ရာနေရာများ၊ ဆွေးနွေးပွဲများအပါအဝင် ဂျပန်လွှတ်တော် အမတ်များနှင့်ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်..။

ယနေ့ရောက်ရှိလာကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များအား တာဝန်ခံ မအေးအေးမာမှ ဦးဆောင်ခဲ့ပြီး ကချင်၊ ကရင်၊ ရှမ်း(ကျောက်မဲ)၊ ရှမ်း(ကလော)၊ ချင်း၊ မွန်ပြည်နယ်နှင့် ရန်ကုန်၊ တွံတေး၊ ပုသိမ်မြို့နယ်များမှဖြစ်ပြီး အမျိုးသမီးလူငယ်(၆)ဦးနှင့် အမျိုးသားလူငယ်(၄)ဦးပါဝင်ပါတယ်..။

အမျိုးသားဒီမိုကရေစီအင်အားစု NDFမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ RNDPမှ သံတွဲလွှတ်တော်အမတ် ဦးအောင်ဝင်းနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကော့ကရိတ် အမျိုးသားလွှတ်တော်အမတ် ဦးမင်းမျိုးသစ်တို့နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်များလည်း ပါဝင်ကြပါတယ်..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လူငယ်များရဲ့ ယခု ခရီးစဉ်ဟာ ပထမဦးဆုံး ဂျပန်နိုင်ငံ ခရီးစဉ်လည်းဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်ကလည်း ဂျပန်အစိုးရမှ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံရေး ပါတီအသီးသီးမှ လူငယ်အဖွဲ့ဝင် ၂၀ဦးအား ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် ဖိတ်ခေါ်ခဲ့ဘူးသည်..




ဒီမိုဝေယံ

0 comments: