ကျောက်တံတားမြို့နယ် ၃၂ လမ်း အထက်ဘလောက်တွင် အချောသတ်နေဆဲ မိုးသောက်ပန်း ဆောက်လုပ်ရေး၏ ၈ ထပ်တိုက် အပေါ်ဆုံးထပ်တွင် ယနေ့ညနေက ဖြစ်ပွားခဲ့သော မီးလောင်မှုအား ၁၅ မိနစ်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သည်။
၎ နာရီ မိနစ် ၄၀ တွင် စတင်လောင်ခဲ့သော မီးလောင်မှုကို ၄း၅၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။ သို့သော် မီးလောင်မှု အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနက ပြောကြားသည်။ အဆိုပါ တိုက်တွင် ၄ လွှာမှ ၈ လွှာအထိကို အခန်းပေါင်း ၆၀ ကျော်ဖြင့် တည်းခိုခန်းဖွင့်လှစ်ရန် ပြင်ဆင်မှုများလုပ်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတိုက်မှ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။
7Day News Journal
0 comments:
Post a Comment