စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, February 16, 2012

ဝန်ကြီး ဦးအောင်မင်းကို သက်သေခေါ်ဖို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ တင်ပြ

အဖမ်းခံနေရတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ရဲ့အမှုအတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် နေပြည်တော်က အရာရှိကြီးများ အပါအ၀င် ၈ ဦးကို တရားခံပြ သက်သေအဖြစ် ဒီကနေ့ တင်ပြတယ်လို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်

အမှုကို ဒီကနေ့ မနက်ပိုင်းက အင်းစိန်ထောင် အထူးတရားရုံးမှာ တရားခံရှေ့နေ ဦးကြီးမြင့်က တရားခံပြသက်သေအဖြစ် ပုဂ္ဂိုလ် ၈ဦးကို တင်ခဲ့တာပါ။ တရားရုံးက ခေါ်ပေးမပေးဆိုတာကို နောက်အပတ် ကြာသပတေးနေ့မှာ သိရမယ်လို့ ဆိုပါတယ်။

ဒီနေ့ အမှုစစ်ဆေးရာမှာ ဖဒိုမန်းငြိမ်းမောင်ကို ၃ နာရီကျော်ကြာ စစ်တယ်လို့ ဆိုပါတယ်။ မန်းငြိမ်းမောင်က မိမိအနေနဲ့ ကရင်အမျိုးသားတွေအတွက် ခုခံစစ်မှာ ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချင်ပေမယ့် လက်နက်ချရေး နည်းလမ်းတစ်ခုပဲ လမ်းဖွင့်ပေးထားတာကြောင့် ငြိမ်းချမ်းရေး မယူနိုင်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

ဖဒိုမန်းငြိမ်းမောင်ကို အစိုးရက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတွေအပြင် မတရားသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ပါ စွဲချက်တင်ထားပါတယ်။ လာမယ့် ကြာသာပတေးနေ့မှာ အမှုကို ထပ်မံချိန်းဆိုထားပါတယ်။

ရှေ့နေဦးကြီးမြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက်။



အသံဖိုင်ယူရန်။

RFA

0 comments: