မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့ပေါ်တွင် နာအရေး ကူညီမှုအသင်းပိုင် ကားများကို လိုင်စင်မဲ့အကြောင်းပြ၍ ဒေသခံအာဏာပိုင်များက သိမ်းဆည်းခဲ့သည့်အတွက် မြို့ခံများ အခက်အခဲတွေ့နေရသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်းက တောင်တွင်းကြီး ယာဉ်ထိန်းရဲအဖွဲ့က စိတ္တသုခနှင့်ဇီဝိတ အသင်းပိုင်ကားငါးစီးကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း မြို့ခံ တဦးက ပြောသည်။
“သူတို့က လိုင်စင်မဲ့ဆိုပြီးလာသိမ်းတာ၊ အဲဒါကို မထသ ဥက္ကဌကနေ လာပြောတာပါ၊ သိမ်းတဲ့အထဲက တစီးကတော့ နာရေးကားတွေနဲ့ ပါတ်သက်ပြီး ခွင့်ပြုထားတဲ့ ဟာဆိုပြီး သူတို့ ပြန်ပေးတယ်၊ ကျန်တဲ့ ကားတွေကတော့ ဆုံးမဲ့အနေအထားဖြစ်နေပါတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ ကားများသိမ်းဆည်းခဲ့ခြင်းကြောင့် ဒေသတွင်း နာရေးဖြစ်လာပါက မြို့ခံများအနေဖြင့် အခြားကားများကို ငှားရမ်းရသည့်အတွက် ကုန်ကျစရိတ် ပိုမိုများပြားကြောင်း မြို့ခံက ဆက်ပြောသည်။
“မြို့ပေါ်က နာရေးကိစ္စဆိုရင် ဒီအသင်းတွေက ကားတွေနဲ့ ပို့ပေးနေတာက နေပြည်တော်ဆိုရင် ရှစ်သောင်းပေးရတယ်၊ အခုလို ကားတွေသိမ်းလိုက်တော့ အပြင်က ကားတွေကိုငှားရတော့ တသိန်းနှစ်သောင်းပေးရတယ်၊ ဆင်းရဲနွမ်းပါးတဲ့ မရှိတဲ့သူတွေအတွက်ကတော့ အခက်အခဲဖြစ်သွားတာပေါ့၊ မြို့ပေါ်မှာ အရေးပေါ်ကြုံလာပြီဆိုရင် ငှားရတဲ့အနေအထားဖြစ်တဲ့အတွက် အားလုံးနစ်နာပါတယ်” ဟု ပြောသည်။
တောင်တွင်းကြီး မြို့ပေါ်ရှိ စိတ္တသုခ နာရေးကူညီမှုအသင်းကို ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဇီဝိတအခမဲ့ဆေးခန်းကို ၂၀၁၁ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Welcome to SeekaHost
11 months ago










0 comments:
Post a Comment