စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 4, 2012

AIPMC ခေါ် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ် များ အဖွဲ့ ကိုယ်စားလှယ်တွေဟာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ဒီကနေ့ ရန်ကုန်မြို့မှာ သွားရောက် တွေ့ဆုံ

(ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)


AIPMC ခေါ် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ် များ အဖွဲ့ ကိုယ်စားလှယ်တွေဟာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ဒီကနေ့ ရန်ကုန်မြို့မှာ သွားရောက် တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့
ဒေသတွင်း အခြေအနေတွေကို ဆွေးနွေး ပြောဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

မြန်မာ နိုင်ငံမှာ လွှတ်တော် ပေါ်လာတာနဲ့ အတူ ဒေသတွင်း နိုင်ငံတွေက လွှတ်တော်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ လိုသလို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးမှာလည်း AIPMC အဖွဲ့ရဲ့ အခန်းကဏ္ဍ အရေးပါကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့
ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပါတယ်။

AIPMC အဖွဲ့ ကိုယ်စားလှယ်တွေထဲမှာ လက်ရှိ အလှည့်ကျ ဥက္ကဌ အပါအဝင် ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦး ဖြစ်တဲ့ ခရိုင်ဆတ်လည်း ပါဝင်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကိစ္စတွေကို ဆွေးနွေးခဲ့ကြသလို၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံကူး လက်မှတ် ရလို့ အခွင့်အလမ်း ပေါ်လာရင် အာဆီယံ
ဒေသတွင်းနိုင်ငံ တွေကို လေ့လာရေးခရီး လာရောက်ဖို့လည်း AIPMC အဖွဲ့ ကိုယ်စားလှယ်တွေက ဖိတ်ခေါ်သွားတယ်လို့ သိရပါတယ်။

RFA Burmese

0 comments: