စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 4, 2012

ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ (ရတကသ) ရဲ့ အိုးဝေ စာကြည့်တိုက်နဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ အခမ်းအနားကို သန်လျင်မြို့ မြို့သစ် အနောက်ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပ

(ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)


ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ (ရတကသ) ရဲ့ အိုးဝေ စာကြည့်တိုက်နဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ အခမ်းအနားကို သန်လျင်မြို့ မြို့သစ် အနောက်ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ စာကြည့်တိုက်နဲ့ ပညာဒါနသင်တန်း ဖွင့်လှစ်ခဲ့တာပါ။

ဒီ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ တက်ရောက်ခဲ့ပါတယ်။ ကိုမင်းကိုနိုင်က ဆဲဗင်းဇူလိုင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့ကို ဟောပြောခဲ့ပါတယ်။

အိုးဝေ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် တော်ဝင်နှင်းဆီ ခမ်းမမှာ ကျင်းပဖို့ မူလက စီစဉ်ခဲ့ပေမယ့် 7 July အထိမ်းအမှတ်နဲ့ ဆက်နွယ်တဲ့ အခမ်းအနားတွေကို မကျင်းပဖို့ တော်ဝင်နှင်းဆီ ဆိုင်ပိုင်ရှင်ကို အာဏာပိုင်တွေက ဖိအားပေး ခဲ့တဲ့အတွက် အခုလို သန်လျင်မှာ ပြောင်းရွှေ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

RFA

0 comments: