စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 4, 2012

ဇူလိုင်လ ၇ ရက် အခန်းအနား ခွင့်ပြုမှာမဟုတ်

BY/ ကိုဝိုင် ဝိုင်ကေ

ကျောင်းသားသမဂ္ဂ အဆောက်အဦဖြိုခွဲခံခဲ့ရတဲ့ ဇူလိုင်လ ၇ ရက်နေ့ နှစ် ၅၀ ပြည့်အခန်းအနားကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ကပြောဆိုလိုက်တယ်လို့သိရပါတယ်။

ဇူလိုင် ၇ ရက်နေ့ကို နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတာ မဟုတ်တဲ့အတွက် ခွင့်မပြုနိုင်ဘူးလို့ ဗိုလ်မှူးကြီးတင်ဝင်း ကပြောတဲ့အကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို-က RFA ကိုပြောပါတယ်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဇူလိုင် ၇ ရက် နှစ် ၅၀ ပြည့်အထိမ်းအမှတ်ကို ဆက်လက်ဆောင်ရွက် သွားဖို့ရှိတယ်လို့လည်း ကိုကျော်ကိုကို-ကပြောပါတယ်။

အင်္ဂလိပ်ကိုလိုနီခေတ်မှာ စတင်ပေါ်ပေါက်လာပြီး မြန်မာ့လွတ်လပ်ရေး
ဗိသုကာဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျောင်းသားခေါင်းဆောင်တွေဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂနဲ့ သမိုင်းဝင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ
အဆောက်အဦကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်ပြီး အာဏာသိမ်းလိုက်တဲ့ အစိုးရက ဖြိုခွဲဖျက်ဆီးလိုက်တဲ့ 7 July အဖြစ်အပျက်ဟာ ဒီနှစ်မှာ နှစ် ၅၀ ပြည့်မှာဖြစ်ပါတယ်။

ဒီအတောအတွင်း ဗကသများအဖွဲ့ ချုပ်မှ ပြုလုပ်မယ့် 7 July နှစ် (၅၀) ပြည့် အခမ်းအနား ကို ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်း နေရာ ကို
ပြောင်းရွှေ့ ကျင်းပမယ့်အကြောင်း ဗကသများအဖွဲ့ ချုပ်ရဲ့ အသိပေးအပ်ပါသည်။

0 comments: