စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 4, 2012

ဇေယျာသော်ကို ဒေါ်စုရဲ့ လွှတ်တော်ဆိုင်ရာအရာရှိအဖြစ် ရွေးချယ်

ဧပြီလက ခေါင်းပေါင်း ၀တ်ဆင် လေ့ကျင့်နေသော ဇေယျာသော် (ဓာတ်ပုံ - စိုးဇေယျထွန်း/Reutes)


မိုးမခအထောက်တော် အမှတ် ၀၀၉

ဇူလိုင် ၄၊ ၂၀၁၂



အဆိုတော် ဇေယျာသော် သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်သည် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိတဦးအဖြစ် ယမန်နေ့က တရားဝင် ခန့်အပ်ခြင်း ခံရသည်။

NLD "ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ဆိုင်ရာအရာရှိ"အဖြစ် ခန့်အပ်လိုက်ကြောင်း ရုံးတွင်းပေးစာတစောင်တွင် ဖော်ပြထားသည်။

သူ့နည်းတူ နေပြည်တော်တွင် မမျှော်လင့်ဘဲ ရွေးကောက်ခံခဲ့ရသူ လူငယ် လွှတ်တော်ကိုယ်စားလှယ် ကိုနိုင်ငံလင်းသည်လည်း NLD ပါတီ၏ လွှတ်တော်ဆိုင်ရာ ဆော်သြရေးမှူးတဦး ဖြစ်လာသည်။

၎င်းတို့၏ တာဝန်များနှင့် ပတ်သက်ပြီး ရုံးတွင်းပေးစာတွင် ဖော်ပြထားခြင်း မရှိချေ။

ကိုဇေယျာသော်သည် ယခင်က NLD အဖွဲ့ဝင် မဟုတ်ပေ။ ဟစ်ဟော့ပ်အဆိုတော်အဖြစ် ထင်ရှားလာခဲ့ပြီးနောက် Generation Wave ခေါ် မျိုးဆက်သစ်လူငယ်များအဖွဲ့ကို လျှို့ဝှက်တည်ထောင်သူတဦးဖြစ်လာသည်။

ထိန်းသိမ်းခံရရာမှ ပြန်လွတ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံသူတဦးဖြစ်လာပြီး ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ၏ ကိုယ်စားလှယ်လောင်းတဦးဖြစ်လာသည်။

ကြံ့ခိုင်ရေးပါတီ၏နယ်မြေဟု အများက ယူဆထားသည့် နေပြည်တော်ရှိ မဲဆန္ဒနယ်တခုတွင် သွားရောက် ထိုးဖောက် စည်းရုံး ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။

ကိုဇေယျာသော်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်တွင် ပါဝင်သွားသူတဦး ဖြစ်သည်။

ထိုခရီးစဉ်တွင် ပါဝင်သွားသူ တခြား လက်ထောက် ၂ ဦးမှာ ဒေါက်တာတင်မာအောင်(ခေါ်) ဒေါက်တာ ငယ်ငယ် နှင့် ကိုနေခြည်ဝင်းတို့ ဖြစ်သည်။

ဒေါက်တာတင်မာအောင်သည် ကွယ်လွန်သူ ဒေါက်တာဦးစောမြအောင်၏ သမီးဖြစ်သည်။

ကိုနေခြည်ဝင်းသည် ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ NLD အဖွဲ့ဝင် ဖြစ်သည်။

0 comments: