စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 4, 2012

နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ လွှတ်တော်စတုတ္ထအကြိမ် အစည်းအဝေးကို အတိုက်အခံပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်


နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ လွှတ်တော်စတုတ္ထအကြိမ် အစည်းအဝေးကို အတိုက်အခံပါတီကြီးတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ ကျမ်းသစ္စာကျိန်ဆိုဖို့ ကျန်ရှိနေသေးတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ၊ ဦ့းဖြိုးဇေယျာသော် နဲ့ ဒေါ်စန္ဒာမင်းတို့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ခွင့်ယူထားတဲ့အတွက် ဇူလိုင်လ ၉ ရက်နေ့မှ လွှတ်တော်အစည်းအဝေးတက်ရောက်မှာဖြစ်ပါတယ်။ ဒီကနေ့ လွှတ်တော်အစည်းအဝေး အတွေ့အကြုံကို ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

"လွှတ်တော်က ဒီကနေ့ အတော်တန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာကို
တွေ့ရပါတယ်။ တကဲ့ နိုင်ငံ့အရေးပေါ့လေ။ ဆွေးနွေးနိုင်ဖို့အတွက် ကိုယ်စားလှယ်တွေကလည်း တော်တော် ထက်ထက်သန်သန်
ဆွေးနွေးကြတာ တွေ့ရပါတယ်။ NLD ကလည်း အဆိုတင်သွင်းဖို့ အဆိုတင်ထားတာတွေတော့ ရှိတယ်။ ဒီနေ့ အစီအစဉ်မှာတော့ မပါသေးဘူး။"

အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ NLD ပါတီက ရခိုင်ပြည်နယ်က အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြဖို့ရှိကြောင်း AFP သတင်းမှာ
ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး NLD ပါတီက တရားဝင်ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါဘူး။

ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ဇလွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ၀န်ကြီးဟောင်း ဦးတင်ထွဋ်က လယ်ယာမြေတွေ သိမ်းဆည်းခံရခြင်း ကိစ္စရပ်နဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာဖော်ထုတ်ဖို့ နဲ့ တောင်သူလယ်သမားတွေ နစ်နာမှု မရှိစေရေးကို တရားမျှတစွာ
ဖြေရှင်းပေးဖို့ အဆို တင်သွင်းခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ် ပညာရေးဥပဒေကြမ်းကို ဥပဒေပြုစုရေးကော်မတီက တင်သွင်းအဆိုပြုတင်သွင်းကြောင်း နဲ့ ဥပဒေနဲ့ အညီ ရပ်ကွက်
အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခြင်း ကိစ္စကိုလည်း
ဆွေးနွေးကြကြောင်း သိရပါတယ်။


0 comments: