စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, July 20, 2012

ဒလမြို့နယ် တပ်နဲ့ပြည်သူ ပူးပေါင်း ကျင်းပခဲ့တဲ့ ဒလမြို့နယ်က ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား


ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအာဏာပိုင်များ၊ ဌာနာဆိုင်ရာမှ ဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများ ပူးပေါင်းပြီး ဒလမြို့နယ်မှာရှိတဲံ အာဇာနည်ကျောက်တိုင်မှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်များကို ရည်စူးပြီး လွမ်းသူ့ပန်းခွေချ အလေးပြုတဲ့ အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

၁၉၅၂ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ အဲ့ဒီ အာဇာနည်ကျောက်တိုင်မှာ ဒီမိုကရေစီရေး ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ထူးထူးခြားခြား အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အာဇာနည် ကျောက်တိုင်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဒလမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ စစ်ရေးပြ အခမ်းအနားနဲ့ အလံတဝက် လွှင့်ထူခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ်တိတိ ငြိမ်သက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့တဲ့ မနက် ၁၀း၃၇ မိနစ် အချိန်မှာတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲတဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒလမြို့နယ်အတွင်းက ကျေးရွာ ၂၃ ခုနဲ့ ရပ်ကွက် ၂၃ ခုတို့မှ ပြည်သူလူထုတွေလဲ ပူးပေါင်း ပါဝင်ခဲ့ပြီး ပြည်သူလူထု ထောင်နဲ့ချီကာ လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။



by

0 comments: