စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, July 15, 2012

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့ ကချင်ဒုက္ခသည်စခန်းများသို့ အလှူငွေများ သွားရောက်လှူဒါန်း

ဒုက္ခသည် စခန်းများသို့ သွားရောက်လေ့လာနေသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုမြအေး၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုပဏ္ဍိတ်ထွန်း၊ မမီမီလွင်၊ မမီးမီးတို့ သည် ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ကာ ဒုက္ခသည် စခန်းများသို့ အလှူငွေသိန်း ၉၀ နှင့် အသုံးအဆောင် ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ လှူဒါန်းခဲ့တာတွေက အလှူရှင်ပြည်သူတွေရဲ့ ငွေကြေးတွေနဲ့ ပစ္စည်းတွေပါ။ ကျွန်တော်တို့ ဘယ်လောက်ကူညီနိုင်တယ်ပဲ ထားဦး။ ဘယ်လိုမှပြည့်စုံမှာမဟုတ် ပါဘူး။ ဟိုမှာကအများစုက ရှိတဲ့အရွက်တွေ ဘာတွေခူးခပ်ပြီးစားရတယ်။ ဆန်ကိုလည်းခွဲတမ်းက ရတာလေးပဲ တည်ရတယ်။ ဒုက္ခသည်စခန်းတွေ မှာက မိန်းမတွေနဲ့ ကလေးတွေ အများကြီး။ ကျောင်းနေရမယ့် အရွယ်တွေ။ သူတို့တွေဟာ နိုင်ငံရဲ့အနာဂတ်ပဲ။ အဲဒီတော့ကလေးတွေ အဲဒီ လိုဖြစ်နေတဲ့ကိစ္စတွေဟာ တော်တော်ကို စိတ်မကောင်းစရာပါပဲ”ဟု ဒုက္ခသည်စခန်းများ၏ အခြေအနေနှင့်ပတ် သက်၍ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမြအေး က ရှင်းပြခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုမြအေး၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုပဏ္ဍိတ်ထွန်း၊ မမီမီလွင်၊ မမီးမီးတို့ သည် ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ကာ ဒုက္ခသည် စခန်းများသို့ အလှူငွေသိန်း ၉၀ နှင့် အသုံးအဆောင် ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များသည် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ် ဂွန်မော်၊ KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလန်နန်တို့နှင့် ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့ များတွင် ကချင်ပြည်နယ်၊ လိုင်ဇာ မြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိစ္စများကို တွေ့ဆုံဆွေး နွေးခဲ့သည်။ ထို့ပြင် ဇူလိုင်လ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့ကာ ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေး ခဲ့မှုများနှင့်ပတ်သက်၍ ကိုမြအေးက “ကျွန်တော့်အမြင်ပြောရရင် ကေအိုင် အေနဲ့တွေ့တဲ့အခါမှာရော၊ ဗိုလ်ချုပ် ဂွန်မော်တို့နဲ့တွေ့တဲ့ အခါမှာရော ကျွန်တော်လေ့လာမိသလောက် ပြောရရင် သူတို့ဘက်မှာ စစ်ကိုဆက်ပြီး တိုက် ချင်တဲ့ ဆန္ဒမရှိပါဘူး။ အလားတူပဲ ၀န်ကြီးနဲ့တွေ့တဲ့အခါမှာလည်း ဒီအတိုင်းပဲ။ ၀န်ကြီးကလည်း ငြိမ်းချမ်းရေးကို လိုလားပါတယ်။ အလားတူ ကေအိုင်အေ ဗိုလ်ချုပ်တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်ပါတယ်”ဟု ပြောပါသည်။

0 comments: