စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, July 15, 2012

လယ်သမား ခွင့်ပြုချက်အရ ဆန္ဒထုတ်ဖော်








ပထမဆုံးအကြိမ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ရရှိခဲ့သော မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်များမှ လယ်သမားတို့ ဇူလိုင်(၁၅)နံနက်ပိုင်း မင်္ဂလာဒုံ(ထောက်ကြန့်)၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းလယ်သမားများသည် မင်္ဂလာဒုံ(ထောက်ကြံ့)ရှိ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ရုံးချုပ်ရှိရာ လမ်းသစ်လမ်းမှ စတင်၍ ချီတက်ခဲ့ကြပြီး ထောက်ကြံ့လမ်းဆုံသို့ရောက်သော် ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်ရှိ မြို့နယ်စည်ပင်ရုံးနံဘေးရှိ မြနန္ဒာပန်းခြံတွင် သွားရောက်စုဝေးကြကာ ဟောပြောခွင့်ရရှိသူများဖြစ်ကြသည့် ဦးအောင်မျိုးဦး၊ ဦးနိုင်ဝင်းထွန်းနှင် ဦးနေမျိုးဝေတို့က မြေယာဥပဒေနှင့် မြေယာမှုခင်းများအကြောင်းဟောပြောခဲ့ကြသည်။

ထို့နောက် နံနက် (၁၁)နာရီတွင် လူစုခွဲခဲ့ကြသည်။ စီတန်းလှည့်လည်သူများအား ရဲတပ်ဖွဲ့ဝင် (၂၀)ခန့်က လိုက်လံစောင့်ရှောက်ပေးခဲ့ကြသည်။

လယ်သမားများအား မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ မှ ဦးနေမျိုးဝေ ဦးဆောင်၍ ဆင်ဖုံ၊ သင်္ကန်းကျွန်းကြီး၊ ရွှေနံ့သာ၊ ၀ါးတစ်ရာနှင့် ရွှေပြည်သာ ကျေးရွာများမှ လယ်သမား ဦးရေ(၂၀၀)ခန့်ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

ညွန့်ဝင်း

Popular Myanmar News Journal
 

0 comments: