စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, July 15, 2012

ရိုဟင်ဂျာ ဘင်္ဂလီများကို အင်ဒိုနီးရှားက လက်ခံရန် မဖြစ်နိုင်ကြောင်း သံအမတ် ပြောကြား


“ မိမိတို့ အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် နိုင်ငံမဲ့ မြန်မာနိုင်ငံက မွတ်ဆလင်တွေကို လက်ခံ နေထိုင်ခွင့် ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု တာဝန်ပီးဆုံးပြီး နိုင်ငံကို ပြန်မယ့် ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ် Zet Mirzal Zainuddin ပြောကြားလိုက်သည်။

မနေ့က (ဇူလိုင် ၁၄ ရက်နေ့)မှာ နိုင်ငံကို ပြန်လည် မထွက်ခွာမီ ဒက္ကားမြို့တော် သတင်းထောက် အသင်းတိုက်တွင် ပြုလုပ်သော သတင်းဌာနများနှင့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ ဒီပြဿနာက လူ့အခွင့်အရေး ပြဿနာဖြစ်ပြီး မြန်မာနဲ့ သက်ဆိုင်နေတဲ့ အတွက် မြန်မာကသာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာပြောနိုင်သလဲဆိုရင် အင်ဒိုနီးရှား အနေနဲ့ ရိုဟင်ဂျာတွေကို ဖိတ်ခေါ်ပြီး ဒုက္ခသည် အဖြစ်ထားရှိဖို့ (သို့မဟုတ်) နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ ကျွန်တော်တို့မှာ အနေအထား မရှိပါဘူး” ဟု သံအမတ်က ပြောသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်မှ ရိုဟင်ဂျာများကို တိုင်းရင်းသား အဖြစ် လက်မခံနိုင်ကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ တာဝန်ယူပြီး စောင့်ရှောက်ထားရန်နှင့် လက်ခံမည့် နိုင်ငံရှိပါက ပို့ပေးမည် ဖြစ်ကြောင်း ကုလ ဒုက္ခ အကြီးအကဲနှင့် တွေ့ဆုံ စဉ်ဇူလိုင်လ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာ သမ္မတ ပြောကြားချက်နှင့် ပတ်သက်ပြီး ရိုဟင်ဂျာ ဘင်္ဂလီ ဒုက္ခသည်များအား အင်ဒိုနီးရှားက လက်ခံပေးနိုင်ပါမည်လားဟု မေးမြန်းချက်အပေါ် သတင်းထောက်များအား ပြန်လည် ဖြေကြားစဉ် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အခြေအနေမရှိပါကြောင်း၊ ဒုက္ခသည် အရေးနှင့် ပတ်သက်ပြီး ခါးသီးသော အတွေ့အကြုံများ ရှိပါကြောင်း၊ လက်ရှိ အချိန်တွင်လည်း လှေစီး ထွက်ပြေးလာသော ဗီယက်နမ် ဒုက္ခသည် ထောင်ပေါင်းမြောက်မြားစွာ နေရပ်မပြန်လိုဘဲ ရှိနေ ပါကြောင်း ပြော ကြားသည်။

မြန်မာ သမ္မတ၏ ရိုဟင်ဂျာ ဘင်္ဂလီများကို တိုင်းရင်းသား အဖြစ် လက်မခံနိုင်ဘဲ ဒုက္ခသည် စခန်းများတွင် ထားရှိပြီး လက်ခံမည့် နိုင်ငံများ ရှိပါက ပို့ပေးမည်ဆိုသည်ဟု ပြောဆိုခြင်းကို သတင်းများမှ တဆင့် ကြားသိရကြောင်းနှင့် သမ္မတထံမှ နုတ်အားဖြင့် ပြောဆိုသည်ကို မကြားရသေးကြောင်း ပြောကြားသည်။

၎င်းပြင် ယခုခေတ်တွင် နိုင်ငံပေါင်း များစွာတွင် ဘာသာကွဲ၊ လူမျိုးကွဲ များစွာ ရောပြွမ်းနေထိုင်လျှက် ရှိနေပါကြောင်း၊ အင်ဒိုနီးရှား အပါအ၀င် အမေရိကန် ပြည်ထောင်စုတွင်လည်း ထိုကဲ့သို့ နေထိုင်၍ ရှိပါကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် အခြေအနေမှန်ကို နားလည် သဘောပေါက်ရန် လိုကြောင်း၊ အဆိုပါ ပြဿနာကို မိမိနိုင်ငံ ပြည်တွင်းရေး အဖြစ် သဘောထားပြီး ဖြေရှင်းရန် လိုကြောင်း အင်ဒိုနီးရှား သံအမတ်က သတင်းထောက်များသို့ ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် မြန်မာ သမ္မတ၏ ရိုဟင်ဂျာ ဘင်္ဂလီများနှင့် ပတ်သက်ပြီး သဘောထား ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့မှ ဒုက္ခသည်များကို မြန်မာ အစိုးရမှ ပြန်မယူမည်ကို အထူး စိုးရိမ်နေကြောင်း သိရသည်။

သို့အတွက် သူ့နိုင်ငံရှိ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန်ကို၎င်း (သို့မဟုတ်) တတိယ နိုင်ငံ တစ်ခုခုသို့ ပို့ဆောင်ရန်ကို၎င်း ယူအန်မှ တဆင့် ချဉ်းကပ် ကြိုးစားလာနိုင်ဖွယ် ရှိကြောင်း လေ့လာသူများက ပြောသည်။

ကော့စ်ဘဇား ခရိုင် ကောတို့ပလောင် ဒုက္ခသည် စခန်းမှ မွတ်ဆလင် ဒုက္ခသည် တစ်ဦးဖြစ်သူ ကိုမောင်သိန်းကမူ မြန်မာမှ ရောက်ရှိနေသော ဒုက္ခသည် အများစု အနေဖြင့် မြန်မာနိုင်ငံ ကို ပြန်ရန်ထက် တတိယနိုင်ငံ တစ်ခုခုကို ထွက်ခွာရန် ပိုလိုလားနေကြ သည်ဟု ပြောဆိုသည်။

Narinjara News Burmese

0 comments: