စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, July 7, 2012

ကိုဒီငြိမ်းလင်းကို ဖမ်းဆီးသွားခဲ့တာနဲ့ ပတ်သက်ပြီး ဖခင် ဦးဇော်ဇော်မင်းနဲ့ မေးမြန်းချက်




"အားလုံးက အသွင်ကူးပြောင်းရေး စနစ်တစ်ခုကို သွားနေတဲ့ အခါမှာ ဒီလို အဖြစ်ကြီးက ထင်လည်းမထင်ဘူးပေါ့နော်။ မထင်ဘဲ ဒီလို ဖြစ်တယ်ပေါ့။
တော်တော်အံ့အားသင့်တယ်လို့။ ဒါကြီးက ဘယ်သူလုပ်တာလဲလို့
မေးတယ်။ လက်သည်ပေါ့နော်။

ဒီကနေ့ ညနေကပဲ ပြည်ထောင်စု ဒုတိယ ၀န်ကြီး အလုပ်သမားရေးရာ ဒုတိယ ၀န်ကြီး ဦးမြင့်ဌေးနဲ့ တွေ့တယ်။ တွေ့တော့ညှိနှိုင်းဖြေရှင်းတဲ့နေရာ မှာ အကိုတို့လည်း ကြိုဆိုတာပေါ့နော်။

နိုင်ငံတော်ရဲ့ သမ္မတတို့၊ လွှတ်တော် ဥက္ကဋ္ဌကြီးတို့၊ အဲဒီလူတွေကလည်း ၈၈ ကို ယုံတယ်ပေါ့နော်။ ယုံလို့ အားလုံး ညှိနှိုင်းဆောင်ရွက်ပြီးတော့
အေးအေးဆေးဆေးနဲ့ ပြန်လာတာ။

အခုလို ပြန်လာတဲ့အခါမှာ အခုလို ဖြစ်တယ်ဆိုတော့ ဒါကြီးက တည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်တဲ့အထဲမှာ သူတို့ပဲ လက်သည်ဖြစ်နေတယ်လို့ ကိုယ်က
ပြောပြလိုက်တယ်လေ။

နောက်တခုက ဒီလို အားလုံးက ရှေ့ကိုပဲ သွားမယ်။ သမ္မတကြီးက- နောက်ကြောင်းပြန်လှည့်မယ့်သူတွေကို ဖြုတ်ချခဲ့မယ်- ပြောတဲ့အချိန်မှာ ဒီလိုကိစ္စတွေဟာ လုံးဝ မဖြစ်သင့်ဘူးလို့ ဆိုပြီးတော့ ကိုယ်က ထပ်ပြောတယ်။ သူတို့လည်း တခွန်းမှ မငြင်းပါဘူး။ "

RFA

0 comments: