စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, July 7, 2012

ပထမဦးစွာ လျှို့ ဝှက်ပုံရိပ်လွှာများနဲ့  ထုတ်ဝေခဲ့တဲ့ ၁၉၇၅- ၇၆ ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းစာအုပ်





၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းအပြီး နောက်နှစ် ၁၉၇၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ၁၉၇၅-၇၆ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းစာအုပ်မှာလည်း အာဏာရှင်ကို ဆန့် ကျင်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေနဲ့  ပတ်သက်တဲ့ ပုံရိပ်လွှာတွေ၊ အဖြစ်အပျက်တွေကို ဖေါ်ကျူးထားတဲ့ ပုံရိပ်လွှာတွေ ပါဝင်ခဲ့တယ်လို့  သိရှိရပါတယ်။

ဒီ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းစာအုပ် လေးခု ထောင့်ချင်းဆိုင် ဆက်လိုက်ရင် လွမ်းသူ့ပန်းခွေတစ်ခုပုံရိပ်လွှာအဖြစ် မြင်ရပြီး ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ နဲ့  ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ဖြစ်ပွားခဲ့တဲ့ ဦးသန့် အရေးအခင်းတွေမှာ အာဏာရှင်ကို တော်လှန်တဲ့ ကျဆုံးကျောင်းသူကျောင်းသားတွေကို လွမ်းသူ့ ပန်းခွေချထားတာလို့  သိရှိရပါတယ်။

ဒီ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းစာအုပ်ပါ သစ်ပုတ်ပင်ရဲ့  ပင်စည်ဟာ လက်သီးဆုတ်ထားသည့်သဏ္ဍန်တူနေပြီး၊ ပင်စည်မှာ လက်က သွေးတွေ စီးကျနေတဲ့အသွင်နဲ့ ၊ သစ်ပုတ်ပင်ရဲ့ အရွက်တွေမဲ့နေတဲ့ အကိုင်းအခက်တွေဟာ ကဒေါင်းတစ်ကောင် က နေတဲ့ပုံအဖြစ် ပုံပေါ်လွင်နေတာ မြင်ရမှာ ဖြစ်ပါတယ်။

ထို့ အပြင် အဆိုပါ သစ်ပုတ်ပင်ရဲ့  အရောင်အသွေး မှိန်ဖျော့စွာနဲ့  ရေးဆွဲထားတဲ့ အကိုင်းအခက်တွေကြားထဲမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးခေါင်းပုံရိပ်တွေ ပါရှိတယ်လို့  သိရှိရပါတယ်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အဦးရဲ့  ခေါင်မိုးပေါ်မှာ ဘုန်းကြီးတစ်ပါးရဲ့ ရုပ်ကလာပ်ကို ပြင်ထားတဲ့ ပုံအသွင်နဲ့ ၊ “ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်” စာတမ်းမှာ “ရန်ကုန်” စကားလုံးကို “ကုန်” က န ငယ်ရဲ့  ခြေထောက်ကို က ရဲ့  ယပင့်နဲ့  ဆက်နေအောင် ရှည်လျားစွာ ဆွဲချထားပြီး “ရန်ကျန်” ဆိုတဲ့ စကားလုံးဖြစ်အောင် ဖန်တီးထားတာကို တွေ့ မြင်ရပါတယ်။ အာဏာရှင်ကို ကမ္ဘာမကြေဖူး … ကျောင်းသူကျောင်းသားတွေအတွက် တုန့် ပြန်ဖြေရှင်းရမယ့် ရန်တွေ ကျန်နေသေးတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်စေပါတယ်။

ထို့ အပြင် ဒီ ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းအဖုံးရဲ့  အောက်ဘက်နားမှာ ရေးဆွဲထားတဲ့ ခုံတန်းလျား အဖြူရောင်လေးတစ်ခုဟာ ခြေထောက်တစ်ဖက်ပဲ ရှိသမို့ ၇ ဆိုတဲ့ သင်္ကေတကို ထင်ထင်ရှားရှားကြီး မြင်ရပါတယ်။ ဇူလိုင် ရ ကစတင်ခဲ့တဲ့ အာဏာရှင်ကို ဆန့် ကျင်တဲ့ ကျောင်းသူကျောင်းသားတွေရဲ့  7July သမိုင်းကို ကဗ္ဗည်းထိုးထားတာလို့  သိရှိရပါတယ်။

ဒီ ၁၉၇၅-၇၆ ခုနှစ် ထုတ် ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းစာအုပ်ထဲမှာ အာဏာရှင်တွေရဲ့  တင့်ကားပုံ၊ ကျောင်းသူကျောင်းသားများအား သေနတ်နဲ့ ပစ်ခတ်နေပုံ၊ ကျဆုံးသွားခဲ့တဲ့ ကျောင်းသူကျောင်းသားတွေရဲ့  အလောင်းများ မြေချနေပုံ အစရှိသည်တို့  ပါဝင်ကြောင်း သိရှိရပါတယ်။

အာဏာရှင်ကို ခေတ်အဆက်ဆက်က တော်လှန်ရဲတဲ့၊ မတရားမှုကို ခေါင်းငုံ့ မခံတတ်တဲ့ ကျောင်းသားစိတ်ဓါတ်ကို လက်ဆင့်ကမ်း သယ်ဆောင်ကြပါစို့ ။

နစ်နေမန်း။

0 comments: