ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်က ဗန်းမော်မှ ကသာသို့ စုန်ဆင်းလာသော ရှပ်ပြေးရေယာဉ်တစ်စင်းသည် ဧရာဝတီမြစ်အတွင်း တိမ်းမှောက် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဗန်းမော်မြို့၊ မြို့မရပ်ကွက် ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော မြမင်းအာင် ရှပ်ပြေးရေယာဉ်သည် ဆိပ်ကမ်းမှ နံနက် ၉ နာရီခန့် စတင်ထွက်ခွာချိန်တွင် ရေကြောင်းအကွေ့၌ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ငါးဆယ်ကျော်ခန့် လိုက်ပါလာခဲ့ပြီး နံနက် ၁၁နာရီ ၀န်းကျင်ခန့်တွင် လူ ၂၀ ခန့်ကို ကယ်ဆယ်ထားကြောင်းနှင့် အသက် ၁၆ နှစ် အရွယ်ခန့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
"အခုချိန်ထိတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာကြောင့် ဖြစ်ပွားပုံ အခြေအနေကို တိတိကျကျ ပြောရခက်ပါသေးတယ်။ ဘယ်အချိန်ထိ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတာကိုလည်း မသိနိုင်သေးပါဘူး။ လောလောဆယ်တော့ တစ်ယောက်သေဆုံးတယ်လို့ သိရတယ်" ဟု ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက် ၁၁ နာရီ ခန့်က ပြောကြားခဲ့ပါသည်။
(နောက်ဆက်တွဲသတင်းများ ဆက်လက် ဖေါ်ပြသွားပါမည်။)
ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉ နာရီခန့်က ဗန်းမော်မြို့ရှိ ရှပ်ပြေးရေယာဉ်တစ်စင်း ဧရာဝတီမြစ်အတွင်း တိမ်းမှောက်ခဲ့ရာ ည၇ နာရီ ၄၅ မိနစ် အထိ ကျား ၅၀ ဦး မ၂၀ ဦး ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ ၄ ဦးရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။
facebook မှ အောက်ပါ သတင်းများ
REd Storm
သတင်းမှားနေပါတယ်။ စက်လှေပေါ်မှာမှောင်ခို ဆိုင်ကယ်တွေအများကြီးအတင်ခံထားတာက အဓိကပါ။ လောလောဆယ် သေဆုံးစာရင်း(ပျောက်ဆုံးအပါအ၀င်) လိမ်ဖို့ကြိုးစားနေပါတယ်။ မျက်စိမှိတ်ပီး ရာသီဥတုဆိုးရွားနေတာကိုထွက်ခွင့်ပေးတဲ့ အာဏာပိုင်တွေအပြင် စက်လှေပိုင်ရှင်တွေမှာ တာဝန်အရှိဆုံးပါ။ ကယ်ဆယ်ရေးကလည်း ရူးသလိုပေါသလိုလုပ်ပီးထိုင်ကြည့်နေပါတယ်။ ဘာလုပ်ရမှန်းသေသေချာချာမသိပါ။ ကမ်းနဲ့ပေ၁၅၀အကွာမှာ နစ်သွားတာကို လူတွေဒီလောက်သေရတာ မဖြစ်သင့်ပါ။ အတိအကျသတင်းစုံစမ်းနေပါတယ်။ အဲ့ဒီရှပ်ပြေးမော်တော်တွေကြောင့်လူတွေသေတာများလွန်းနေပါပီ။ ခဏခဏမှောက်ပီး ခဏခဏလူသေနေတာတောင် မှောင်ခိုကြောင့်ပိုက်ဆံရနေတဲ့ မအေပေးအာဏာပိုင်တွေက မျက်စိမှိတ်နေပါတယ်။ လောလောဆယ် သေစာရင်းကို ဟိုလိမ်ဒီလိမ်လုပ်ဖို့ကြိုးစားနေပါတယ်။
Aung Thet Pi U အဲဒီ ရှပ်ပြေးမှာ လူ 180 လောက်ပါပါတယ်..။ပီးတော. ဘောလုံးသမား 20 ပါတယ်..။ အဲဒီအထဲ က 8 ယောက်က ပျောက်နေတုန်းလို. ကြားရတယ်..။
0 comments:
Post a Comment