ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး အပေါ်ဆုံးထပ်၌ မီးလောင်ကျွမ်းမှု
ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး အပေါ်ဆုံးထပ်၌ မီးလောင်ကျွမ်းနေမှုသည် ညနေ ၆း၅၀ မိနစ်တွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်အနီးရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး အပေါ်ဆုံးထပ်၌ မီးလောင်ကျွမ်းမှုမှာ ညနေ ၆ နာရီအချိန်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ကား ၁၆ စင်းဖြင့် ငြိမ်းသတ်ခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ၊ ပျက်စီးဆုံးရှုံးမှုများကို တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပဲ မီးလောင်ကျွမ်းမှုသည် ဝိုင်ယာရှောခ့်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ၌ ရှိနေသော မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါသည်။














0 comments:
Post a Comment