တောက်... ကြိုတင်စီစဉ်ထားလေသမျှ ဒီမနက်မှဖြစ်ရတယ်လို့.. အမေ့ရဲ့အိမ်အပြန်လမ်းမှာ အမေ့ကို
ချစ်ခင်လေးစားတဲ့ သားတယောက်အနေနဲ့ တတပ်တအား ကြိုဆိုဖို့စီစဉ်ထားတာ သွားပြီ။ ခဲလေသမျှ
သဲရေကျဖြစ်ခဲ့ရပြီ။ ပဲရေပွကြောင့်လား ဘယ်သဟာကြောင့်လည်းတော့မသိ မနေ့ညက အမတို့အိမ်မှာ
ငတ်ကြီးကျခဲ့သမျှ မနက်ကျ ၀မ်းတွေနာလို့ သာယာတဲ့အိမ်လေးသို့ အခေါက်ခေါက်ပြေးနေရတဲ့ ပန်းကိုကို
ဖြစ်နေတဲ့အတွက် လှမ်းကြိုဖို့ လက်လျော့လိုက်ရတော့တယ်..။
ကိုယ့်ကိုကိုယ်လည်း အလိုမကျဘူး။ တာဝန်မကျေသလိုလည်း ခံစားနေရတယ်။ ရန်ကုန်မှာနေပြီး အမေ့
အပြန်ခရီးကို မကြိုဆိုနိုင်ခဲ့ဘူး။ မဆင်မခြင်ငတ်ကြီးကျခဲ့တဲ့ ပါးစပ်ကိုပဲ အပြစ်တင်ရမလား။ ချိန်သားကိုက်
ဖောက်ပြန်ခဲ့တဲ့ဗိုက်ကိုပဲ စိတ်ဆိုးရမလား..တောက်.. တနုံ့နုံ့ခံစားနေရလို့ နောက်ဆုံးမနေနိုင်တဲ့အဆုံး သက်
သာလိုသက်သာငြား ခံစားရသမျှ ဒီစာကို အိပ်ရေး(ထိုင်ရေးခြင်းမဟုတ်) လိုက်ရခြင်းပင်..။
တကယ်တော့လူတိုင်းမှာ အမေဆိုတာ ရှိကြပါတယ်။ အမေမရှိဘဲ လူ့လောက ရောက်မလာကြပါဘူး။
အဖေ့ကြောင့်လည်း ပါတာပေါ့နော့။ ဒါကတော့ လူတဦးစီတိုင်းမှာရှိကြတဲ့ မွေးရာပါ ကိုယ်ပိုင်အမေပါ။
အဲဒီလိုပဲ မွေးအမေမဟုတ်ပေမယ့် မိမိတို့ဘ၀အခြေအနေအရ နှလုံးသားကခံစားမှုအရ အမေအဖြစ်သတ်
မှတ်ကြတာမျိုးလည်း ရှိတတ်ပါတယ်။ မွေးစားအမေတို့ ယောက်က္ခမကို အမေအဖြစ် သဘောထားတာမျိုး..
ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက အမေအရွယ်တွေကို အမေအဖြစ်သဘောထား ချစ်ခင်လေးစားကြတာ
မျိုးတို့ပေါ့..။
အပေါ်ဆုံးမှာ ဖိုးသိကြားပြောခဲ့တဲ့ အမေပြန်လာပြီဆိုတာကတော့ မွေးအမေလည်းမဟုတ်၊ မွေးစားအမေ
လည်းမဟုတ်၊ အနီးနားပတ်ဝန်းကျင်ကလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဖိုးသိကြားရဲ့နှလုံးသားမှာတော့ သူမ
ကို အင်မတန်ချစ်ခင်လေးစားပြီး အမေအဖြစ်သတ်မှတ်ထားပါတယ်။ ဖိုးသိကြားလိုပဲသူမကိုအမေအဖြစ်
သဘောထားကြတဲ့သူတွေ မနည်းလှပါဘူး။ ဒီတော့သူမသည် ဖိုးသိကြားတို့အားလုံးရဲ့ “ဘုံအမေ” ပေါ့..
တချို့တွေကျ “ဘုံအဘ” ဆိုတာရှိတတ်ကြတယ်လေ..။
သူမဆိုတာက ဖိုးသိကြားတို့အားလုံးက ချစ်ခင်သမှုနဲ့ အမေစုလို့ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ခမ်း
ခမ်းနားနားပြောရရင် သူမဟာ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ရဲ့သမီး၊ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့ ပြည်သူလူထုအတွက် အနစ်နာခံကိုယ်ကျိုးစွန့်ခဲ့တဲ့ နိုင်ငံတကာက
လေးစားအားကျရတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုအပါအ၀င် ဂုဏ်ထူးဆောင်ဆုတံဆိပ်ပေါင်းများစွာ ချီး
မြှင့်ခံထားရတဲ့ အမေစုပေါ့..။
အမေစုကို ဖိုးသိကြားတို့ရဲ့ဘုံအမေအဖြစ် ဘာလို့သတ်မှတ်ကြသလဲ..အမေက ဖိုးသိကြားတို့ကို သားသမီး
ရင်းများအလား မေတ္တာထား သနားကြင်နာလို့လေ။ ဖိုးသိကြားတို့အပေါ်မှာ လူမျိုးဘာသာ ဆင်းရဲချမ်းသာ
မခွဲခြား အားလုံးကောင်းစားရေးကို လိုလားတဲ့အတွက် ဖိုးသိကြားတို့အားလုံးကလဲ မိခင်ရင်းနဲ့မခြား ချစ်ခင်
အားကိုကြတာ ဘာဆန်းလို့လဲနော့..။
ဒါကို အထာပိုတယ်လို့ မနာလိုသူတွေလည်း ရှိကောင်းရှိနိုင်တာပေါ့... ဟဲဟဲ.. ဖိုးသိကြားတို့ကတော့ ဂရု
မစိုက်ပေါင်..။ သူတို့ကိုချစ်ဖို့နေနေသာသာ အမြင်မကတ်အောင်တောင် မနည်းကြိုးစားနေရတာ။ မနာလို
တိုရှည်ယောင်းမကြီးနဲ့မွှေ.. အဲလေ. မနာလိုမဖြစ်ကြပါနဲ့ဘကြီးတို့ရာ(ဘကြီးအရွယ်တွေမို့ ဘကြီးလို့ ခေါ်
လိုက်တာ.. အမေစုကို အမေလို့ခေါ်ရတာလောက် အရသာတယ်မရှိလှဘူးဗျာ..) ဘကြီးတို့မှာလည်း ဘုံး
သားမြေး.. အဲ.. ဘုံသားမြေးလေးတွေက အဖလိုသဘောထားပြီး ဘုံးအဘ..သြော်.. ဒီဝစ္စပေါက်ကလည်း။
ဘုံအဘလို့ သတ်မှတ်ကြမှားပေါ့.. စိတ်အားမငယ်နဲ့.။ ဖိုးသိကြားကတော့ သာမာန်သက်ကြီးရွယ်ကြီး ဘကြီး
တွေလို့ပဲ သဘောထားသဗျ..။
ဘကြီးတို့ မုဒိတာမပွားနိုင်သရွေ့တော့ အမေ့ရဲ့ အောင်မြင်မှုတွေက ဘကြီးတို့အတွက် အကုသိုလ်တွေကို
လေလံဆွဲသလို ဖြစ်နေကြရဦးမှပ..။ အမေ့ရဲလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ခရီးစဉ်တွေက ဘကြီးတို့
ရဲ့ စိတ်နှလုံးကို ချုံးချုံးကျစေတယ်။ ကမ္ဘာ့တလွှားမှ ပြည်သူတွေရဲ့လက်ခုပ်သံတွေကဘကြီးတို့နှလုံးအိမ်ကို
သိမ့်သိမ့်တုန်စေခဲ့တယ်။ ဒါ့ကြောင့်လည်း မနာလိုမရှုစိတ်နဲ့ ဘကြီးတို့ရဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ အလင်းရောင်
မပြဘဲ သတင်းအမှောင်ချခဲ့ကြတာပေါ့နော့..။
နိုင်ငံတကာ သတင်းမီဒီယာတွေက တခမ်းတနား ဖော်ပြနေချိန်မှာ ဘကြီးတို့အိမ်က သတင်းစာ၊တီဗွီတွေမှာ
တော့ အမေ့ခရီးစဉ်တွေမှာ Myanmar လို့မသုံးပဲ Burma လို့သုံးတဲ့အတွက် ကန့်ကွက်သတိပေးတယ် ဆိုတာ
ကြီးပဲ တွေ့တွေ့နေရတယ်။ တခြားမြန်မာပြည်တိုးတက်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ အမေ့ရဲ့လုပ်ဆောင်ချက်တွေ၊
ပြောဆိုချက်တွေကိုတော့ မျက်စိမှိတ်၊နားပိတ်ပြီး ရူးချင်ယောင်ဆောင်နေကြပါလား..။ အဓိကနဲ့သာမညကို
တော့ ခွဲခြားတတ်ဖို့လိုတာပေါ့ဗျာ။ အခုတော့ကလေးအထာနဲ့ အရေးမပါတာ အရာပေးလို့ Highlight လုပ် အ
ပြစ်တင်အပုပ်ချနေကြပါလားဗျို့..။
ခုဟာကလည်း အိန္ဒိယကို ပေါက်ဖော်လို့ခေါ်တာမဟုတ်သလို တရုတ်ကိုလည်း ဘာဘူလို့ခေါ်တာမဟုတ်ဘူး
လေ။ တရုတ်ပဲခေါ်ခေါ် ပေါက်ဖော်ပဲခေါ်ခေါ် အတူတူဖြစ်သလို ကုလားကြီးနဲ့ဘာဘူကြီးဆိုတာ မကွဲပြားဘူး
ဆိုတာ လူတိုင်းသိပါတယ်။ အမေ့ရဲ့ Burma ဆိုတာ ဘကြီးတို့ရဲ့ Myanmar ကိုရည်ညွှန်းတယ်ဆိုတာ အားလုံး
သဘောပေါက်ကြတာပဲ..။ တချို့ဆို Burma ဆိုမှ သိကြတဲ့သူတွေတောင်ရှိတယ်..။
ခုတော့ ဘကြီးတို့က မတူတာတွေဖယ်ထား တိုင်းပြည်ကောင်းစားအောင် အားထုတ်မယ်မရှိဘူး။“ငါနဲ့မတူငါ့
ရန်သူ”သဘောထားနေကြသလိုပ..။ အမေ့ရဲ့ “ဘားမားတိုးတက်ကောင်းစားဖို့အတွက် အကူအညီတွေပေးကြ
ပါ..” ဆိုတဲ့စကားမှာ ဘားမားလို့သုံးလိုက်တာနဲ့ပဲ အမြင်မကြည်ဖြစ်ပြီး အပြစ်တင်ကြတယ်။ နောက်က အနှစ်
သာရပြည့်ဝတဲ့ စကားစုတွေကျ ပစ်ပယ်ထားလိုက်ကြတယ်။ ဒါကောင်းသလားဗျ.. မကောင်းဘူး.. ဘကြီးတို့
လုံးဝမကောင်းဘူး..။
တကယ်ဆို တို့နီုင်ငံတိုးတက်ဖို့အတွက် လမ်းဖောက်ပေးနေတာပါလားဆိုပြီး အားပေးချီးမြှောက် ဂုဏ်ယူရဦး
မှာ.. ခုတော့ဗျာ.. ဘကြီးတို့လုပ်ပေါက်က လမင်းကြီးကိုဟောင်နေကြတဲ့ ဟိုအကောင်တွေလို ဖြစ်နေဘီ..။
နိုင်ငံတကာက လေးစားရတဲ့အမေ့ကို သာမာန်ပြည်သူတဦးအလား အလေးထားစရာမဟုတ်ဘူးဆိုရင် Burma
လို့သုံးတာကို ဘာလို့လိုက်ပြီး အပြစ်တင်နေကြတာလဲ။ Burma နဲ့ Myanmar အဓိပ္ပါယ်မခြားဘူးလို့ လက်ခံသူ
တွေအဖို့ နှစ်သက်သလို ပါးစပ်သင့်သလို သုံးနှုန်းကြပါစေပေါ့.။ ဘားချင်တဲ့သူ ဘားမား.။ မြန်ချင်တဲ့သူ မြန်
မာပါစေ.. ဘာဖြစ်လဲ..။ဘာမှမဖြစ်ဘူး..။
အဲဒီလိုပြောတော့ ဘကြီးတို့ရဲ့ မြေးသားလေးတွေက ဖိုးသိကြားကို ပြောဦးမယ်။ Burma ဆိုတာဗမာကိုပဲ ကိုယ်
စားပြုတာ။ Myanmar ကမှတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတာဆိုပြီး..။ အမှန်တော့ မဟုတ်ဘူး။ Burma
ပဲသုံးသုံး Myanmar ပဲသုံးသုံး အဓိက က ရင်ထဲကခံယူချက်ပဲ။ ဖိုးသိကြားတို့နိုင်ငံဟာ တိုင်းရင်းသားအားလုံးကို
ကိုယ်စားပြုတယ်။ အားလုံး တန်းတူညီမျှခွင့် ရှိရမယ်။ လူမျိုးဘာသာ ခွဲခြားမှု မရှိစေရဘူးဆိုတဲ့ အသိတရား ရှိ
ထားရင် အဲဒီလူတယောက်က Burma လို့သုံးနှုန်းတာ ပြစ်တင်စရာအကြောင်းမရှိဘူး။ Myanmar လို့သုံးနှုန်း
နေပမယ့် တိုင်းရင်းသားလူမျိုးတွေအပေါ် အနိုင်ပြုစော်ကားနေမယ်ဆိုရင် ဘကြီးတို့ရဲ့ Myanmar ဆိုတာ ဘာ
အဓိပ္ပါယ်ရှိတော့မလဲ.. ဟုတ်တယ်ဟုတ်.. စကားလုံးထက် ရင်ထဲကအသိက ပိုအရေးကြီးတယ်လေ.. စကား
လုံးတွေကြားမှာ အကျဉ်းကျခံနေရတဲ့ ဘကြီးတို့ဘ၀က သနားစရာပါလား..။
ဒီတော့ဘကြီးတို့ရာ.. အသက်တွေလည်းကြီးလှပြီ။ ကုသိုလ်တရား မရှာနိုင်ရင်တောင် အကုသိုလ်မပါသွားချင်
စမ်းပါနဲ့..။ စိတ်ကို ကြည်ကြည်လင်လင်လေးထားပြီး ဗြဟ္မာစိုရ်တရား လက်ကိုင်ထားပြီး နေသွားကြရင်မ
ကောင်းဘူးလား။ ဘကြီးတို့နေရတဲ့အခိုက်အတန့်လေးမှာ ပြည်သူတွေရဲ့မေတ္တာ မစူးရှအောင် နေကြစေချင်
တယ်ဗျာ..။ ဒါကတော့ ဤခရီးနီးနေပြီဖြစ်တဲ့ ဘကြီးတို့အပေါ်ထားတဲ့ ဖိုးသိကြားရဲ့ စေတနာသက်သက်ပါ..။
အင်း.. ပြောရတာလည်း မောလှပြီ..အဲလေ ညောင်းလှပြီ။ ခုလောက်ဆို အမေလည်း အိမ်ပြန်ရောက်လောက်
ရောပေါ့..။ ငါ့မှာသာ..ဟင်း.. “အပြန်လမ်း.. အပြုံးပန်းတဝေေ၀.. ဒေါင်းအလံတွေရင်မှာပိုက်.. ကြို
လိုက်စို့လေး..” ဆိုပြီး ကိုယ်တိုင်ရေးခဲ့တဲ့စာသားလေးကိုတောင် မျက်နှာဘယ်လိုပြရမလဲ.. “နားလည်ခွင့်
လွှတ်ပေးပါ.. အမေရေ့” လို့သာနှုတ်မှ တိုးဖွဖွရေရွှတ်ရင်း မပြီးပြတ်နိုင်သေးသော ပန်းဇာတ်လမ်းအတွက်
အိမ်သာစခန်းသို့ လှမ်းတက်ခဲ့ရပြန်ချေပြီတကား..။
Credit for Photos : EMG and Wunna Phyo
(ခုတလော စိတ်ကမရွှင်ဥာဏ်စဉ်မလန်းလို့ စာရေးချင်စိတ်မရှိ။ ရေးဖို့အတွက်လည်း ဦးဏှောဏ်မသွက် ဥာဏ်
မထက် ဖြစ်နေတဲ့ကြားမှ အမေ့ခရီးစဉ်အား ကြိုဆိုရန်ပျက်ကွက်ခဲ့သည့် မိမိကိုယ်မိမိ ဒဏ်ခတ်သည့်အနေဖြင့်
ပန်းကိုကိုကျန်ုပ် စာတပုဒ်ကို မဖြစ်ဖြစ်အောင် ဖျစ်ညှစ်အားထုတ် ရေးသားလိုက်ရပါကြောင်းနှင့် လွန်ုတာရှိက
ဝန္တာမိပါ.. အမှားသည်းခံဖတ်ရှုပါရန်..)
အားလုံးကို ချစ်ခင်လေးစားသော..
ဖိုးသိကြား
0 comments:
Post a Comment