စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, July 2, 2012

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးကို တက်ရောက်မှာ ဖြစ်




NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးကို တက်ရောက်မှာ
ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။

ဇူလိုင်လ ၄ ရက်နေ့မှာ စတင်ကျင်းပမယ့် လွှတ်တော် စတုတ္ထအကြိမ် ပုံမှန် အစည်းအဝေး မှာ ခွင့် ၃ ရက် ယူထားပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်
ဟာ ပျဉ်းမနား နေပြည်တော်မှာ နေအိမ် ငှားရမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လအတွင်း သွားရောက်ခဲ့တဲ့ ဥရောပ ခရီးစဉ် နဲ့ ပတ်သက်ပြီး မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က “Burma အစား မြန်မာ” လို့ သုံးနှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ ကိစ္စအပြင် လွှတ်တော်နဲ့ ပတ်သက်လို့လည်း ရှင်းလင်း ပြောကြားဖို့ ရှိတယ်လို့ သိရပါတယ်။

RFA

0 comments: