စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, February 2, 2012

 ပါကစ္စတန်တွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုနေကြောင်း အိုဘားမား ပထမဆုံးအကြိမ်ဝန်ခံ

ပါကစ္စတန်တွင် အမေရိကန်က မောင်းသူမဲ့လေယာဉ်များအသုံးပြုကာ အယ်လ်ကေးဒါးများကို တိုက်ခိုက်နေကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလိုက်သည်။
ပါကစ္စတန်ရှိ အယ်လ်ကေးဒါးများကို အမေရိကန်က မောင်းသူမဲ့လေယာဉ်များ အသုံးပြုတိုက်ခိုက်နေသည်ဆိုသော သတင်းပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဂူးဂဲလ်၏ လူမှုရေးကွန်ရက် Google+ ကိုအသုံးပြုပြီးပြုလုပ်သော အွန်လိုင်းအမေးအဖြေအစီအစဉ်တွင် အိုဘားမားက စီအိုင်အေ၏ လူတိုင်းသိနေသော လျို့ဝှက်ချက်ကို တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သော ကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။

''ရှင်းရှင်းပြောရရင် အယ်လ်ကေးဒါးလို့ သံသယရှိစရာကောင်းတဲ့သူတွေဟာ အာဖဂန်နဲ့ ပါကစ္စတန်နယ်ခြားဒေသမှာရှိနေတဲ့အတွက် ဖာတာဒေသ(ပြည်ထောင်စုအုပ်ချုပ်သော လူမျိုးစုဒေသများ)မှာ မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှုတွေ အများကြီးလုပ်ခဲ့၊ လုပ်နေရပါတယ်''ဟု အိုဘားမားက ဖြေကြားသွားခဲ့သည်။

ဖာတာဒေသသည် ပါကစ္စတန်နိုင်ငံအတွင်းရှိ လူမျိုးစုနယ်ခြားဒေသကို ဆိုလိုခြင်းဖြစ်ရာ ထုတ်ဖော်မှုအတွက် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။

Ref:Fox News

0 comments: