စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, February 16, 2012

ဒီသတင်းသေချာလျှင် .. သူ့အတွက် တစ်ခုခုတော့ လုပ်ပေးသင့်ပြီ ထင်ပါတယ်...။


နိုင်ငံတော်အကြီးအကဲများရှင့် ကျွန်မအေးအေးကြည် ဂျပန်နိုင်ငံသားနှင့်ဖြစ်သည့် အမှုကိစ္စအတွက်ကြေအေးပေးရန်တရားရုံသို့ လာရောက်ရန် အကြောင်းကြားပါသဖြင့် 15.2.2012 တွင်သွားရောက် ခဲ့ပါသည်။
တရားသူကြီးမှ ဂျပန်ဘက်မှ ကျွန်မ ကို အကြမ်းဖက်တာဆီးမှု နှင့် တရားဆွဲဆို ထားကြောင်း ထို့ကြောင့် အားမ ခံပါသလားဟုမေးပါသည်။ ကျွန်မ မှ အံအားသင်လျှက် ကျွန်မ ဂျပန် ကို ဘာမှ အကြမ်းဖက်မှု လည်း မလုပ်ခဲ့ပါသဖြင့် ဘာကြောင့် တရားဆွဲခံရပါလည်းဟု ပြန်လည် လျှောက်ထားခဲ့ပါသည်။

ထိုအခါတရားသူကြီး မှ ဆရာမလည်းမသိပါ သူတို့တရားဆွဲ ဆို ထားပါသည်။ ထို့ကြောင့် အာမခံပါသလားဟုပြောသည် ကျွန်မက မပါပါ ဟုပြန်လည်ဖြေကြားခဲ့ပါသည်။ထို့နောက် တရားသူကြီးမှ ညနေ4နာရီတွင် ရုံးပြန်ချိန်း မည် ထိုအတောအတွင်း သိန်းတရာတန် အာမခံပေးနိုင်မည့် အာမခံနှစ်ဦး ရှာထားပါ၊ မရှာ နိုင်လျှင် အချုပ်ခံရမည်ဟုပြောပြီး ရုံးဆင်းလိုက်သည်။ကျွန်မ သည် သာမာန် ၀န်ထမ်း တစ်ဦး သာဖြစ်ပါသည်။သိန်တစ်ရာတန်အားမခံနှစ်ဦးရှာ ဖို့ဆိုတာ မလွယ်ကူပါ။ဟိုတယ်မှ တာဝန်ရှိသူများက ကျွန်မအတွက် အာမခံလုပ်ပေးခဲ့ပါသည်။

အကယ်ရွေ့ကျွန်မအတွက်ဟိုတယ်မှအာမခံမလုပ်ပေးခဲ့ပါကကျွန်မဘာများဆက်ဖြစ်မည်လည်းဆိုတာ
 တော်တော် ကြောက်ရွံ့နေခဲ့ရပါသည်။အမှန် ဆင်စစ် ကျွန်မက အရိုက်ခံရသူပါ။တိုင်းတပါသူ လီဆယ်တိုင်ကြားတာကို သိလျှက်နဲ့ အာမခံနှင့် ထွက်ဆိုပါဟုပြန်လည်းတရားဆွဲဆိုခံခဲ့ရပါတယ်။ ကျွန်မဟာ အခုဆိုရင် ဟိုတယ်က လူကြီးမင်းများရဲ့ အာမခံမှုနှင့် အပြင်တွင်နေထိုင်နေရခြင်းဖြစ်ပါတယ်။ ယခုမတရားမှု အတွက်မည်သူကို တင်ပြရမည်ကိုမသိတဲ့အတွက် လူကြီးမင်းများမှ ကူညီပေးးပါရန် ပန်ကြားအပ်ပါသည်။

facebook စာမျက်နှာတွင် တွေ့ရသော သတင်း

1 comments:

နည်းနည်းလေးတော့ လွဲနေပြီ ထင်တယ်။ [သွန်းနေစိုး]
=======================

အခု ဂျပန်က ပါးရိုက်ပြီး ပါးရိုက်ခံရတဲ့အမျိုးသမီးက ပြန်တရားစွဲခံရတဲ့အကြောင်း ကြားတဲ့အခါ
ကျနော့်ကိုယ်တွေ့ကလေးတစ်ချို့ နည်းနည်းသတိရလာပါတယ်။

အရင်က ကျနော်တို့ မြို့ထဲမှာ နေပါတယ်။ အိမ်မှာ ခိုင်းတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။
အိမ်အောက်ထပ်က လူတွေနဲ့ ကျနော်တို့မတည့်ဘူး။
တစ်ရက်တော့ ကောင်မလေးက အမှိုက်သိမ်းတဲ့သူတွေလာရင် တင်သွားဖို့ အမှိုက်ထုတ်ဆင်းပစ်တယ်။
အဲဒီအမှိုက်...ထုပ်ကိုတဲ့။ အောက်ထပ်က လူတွေရဲ့ ရေပိုက်ပေါ် တင်မိလို့တဲ့။
ကောင်မလေးအိမ်ပေါ်ပြန်တက်အလာမှာ တုတ်နဲ့ ဆီးရိုက်တယ်။
တုတ်မှ တကယ့် အ၀တ်လျှော်တဲ့တုတ်ကြီးနော်။
အဲဒီအချိန်အိမ်မှာက ကောင်မလေးနဲ့ အဘွားပဲရှိတယ်။
ကျနော်ပြန်လာတော့ ဘာလုပ်မလဲ။ ရဲစခန်းသွားတယ်။ တိုင်ချက်ဖွင့်တယ်။
ဒါမျိုးက စကားပြောနေဖို့ ကောင်းတာမဟုတ်ဘူးလေ။
နောက်ဆုံးအမှုဖွင့်တဲ့ဆီ ရောက်ရော ဆိုပါတော့။

အဲဒီတော့ အောက်ထပ်ကလူတွေ ဘာလုပ်တယ် မှတ်သလဲ။
ပြန်တရားစွဲတယ်။ ကျနော် အိမ်မှာ လုံးဝမရှိတဲ့သူကိုပါ ထည့်စွဲတယ်။
အဲဒီတုန်းက ကျနော်က အလီဘိုင်ပြနိုင်တယ်။
ကောင်မလေးနဲ့ အဘွားကြီးကိုက ဆဲမှုနဲ့ ဆွဲတယ်။
နောက်ဆုံး ရဲက ညှိပေးတယ်။ ကျေအေးလိုက်ကြပါဗျာတဲ့။
အမှုက တစ်လကျော်လာပြီလေ။ ကျနော်လည်း ကျေအေးပေးလိုက်ပါတယ်။
ကိုယ်က ဗမာပဲ ပြေလွယ်ပျောက်လွယ်လေ။
နောက်ဆုံးဘာဖြစ်သလဲ? တရားရုံးမှာ အမှုမြန်မြန်ပြီးအောင် တရားသူကြီးကို ပေးရမယ်တဲ့။
တစ်ဘက် တစ်သိန်းခွဲတဲ့။
တကယ်ပါ ကျနော့်အိမ်က အိမ်ဖော်ကောင်မလေးနဲ့ အဘွားက သိပ်စိတ်ရှုပ်နေပြီမို့ ကျနော်တို့တွေ တရားသူကြီးကို
တစ်သိန်းခွဲပေးခဲ့ရပါတယ်။
ကိုယ့်လူလဲ အရိုက်ခံရသေး။ ကိုယ်လည်း ပေးလိုက်ရသေးလေ။

ကျနော်ပြောချင်တာက ကျနော်တို့ တရားစီရင်ရေးစနစ်က တစ်ခုခုတော့ လွဲနေပြီထင်တယ်။
တရားစွဲခံရတာနဲ့ တစ်ဘက်က အပြန်အလှန်တရားစွဲတော့တာပဲ။
ဟိုတလောကလည်း ဒါရိုက်တာတစ်ယောက် ကားနဲ့ ဒရွတ်တိုက်ပါသွားမှု။
ဘယ်လိုပြီးသွားတယ်မသိ။ လုပ်တဲ့သူတွေက အမှုပြန်ဖွင့်တာတော့ တွေ့တယ်။
လောကကြီးမှာ တရားဥပဒေဆိုတာ ခံရသူတွေအတွက် အားနည်းသူတွေအတွက် မဟုတ်ဘူးလား။
ဥပဒေပညာရှင်မဟုတ်လို့ အသေအချာမပြောနိုင်ဘူး။ ဒါပေမဲ့ လွဲနေသလိုတော့ ခံစားရတယ်။

နောက်တစ်ခုရှိသေးတယ်။
`ရုံးတော်ကို မထီမဲ့မြင်ပြုမှု´ ဆိုတာ။ အစိုးရဖို့ သိပ်ကောင်းတဲ့အကာအကွယ်ပဲ။
ဟိုတလောက ဦးသိန်းညွှန့်ထင်တယ်။ အဲဒီပုဒ်မကိစ္စလွှတ်တော်မှာ တင်တယ်။ မရဘူး။
နောက် အီလက်ထရောနစ်ဥပဒေ။ ကိုယ်တွေတောင် ဒီလို Facebook ပေါ်မှာရေးနေတာ အဲဒီဥပဒေနဲ့ ငြိနေတယ် ထင်တယ်။
နောက် နှစ်အရမ်းများလွန်းတယ်။ နိုင်ငံရေးသမားတော်တော်များများ အဲဒီဥပဒေနဲ့ ခံခဲ့ရတာ။
ဒါကြောင့် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ သူတို့ အော်ခဲ့ကြတာပေါ့။
ဘယ်ရှိမလဲ နိုင်ငံရေးသမားဆို ရေသောက်ရင် သောက်ပြန်ပြီ။ ဖုန်းပြောရင် ပြောပြန်ပြီဆိုပြီး ငြိမယ့် ဥပဒေတွေ ထုတ်ထားတာကိုး။
တကယ်တမ်း အီလက်ထရောနစ်ဥပေဒနဲ့ စစ်စစ်မှန်မှန်ဆွဲကြေးဆိုရင် လမ်းဘေးက လိုင်းစုံရောင်းနေတဲ့ ခိုးကူးသမားတွေ
ဆွေစဉ်မျိုးဆက် အချုပ်ထဲက ထွက်ရမယ်တောင် မဟုတ်ဘူး။

facebook မှ ဆရာ သွန်းနေစိုး ရေးသားချက်