မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ၂ ဥိး တွေ့ဆုံအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ နမ်ဗီးယားက လာမဲ့ကြားဖြတ်ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်သူတွေကို စေလွှတ်ပေးမဲ့အကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
0 comments:
Post a Comment