စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, July 2, 2012

အနုပညာရှင်များ ကိုယ်တိုင် စစ်တွေသို့ သွားရောက် လှူဒါန်းမူ ဒုက္ခသည်များ အားရ ရွှင်လန်းမူကို ဖြစ်စေ


ထွန်းထွန်း

မြန်မာ့ အနုပညာရှင်များကိုယ်တိုင် သွားရောက် ပြီး ကယ်ဆည်ရေး ပစ္စည်းများ သွားရောက် ကူညီ လှူဒါန်းမူသည် ဆူပူ အကြမ်းဘက်မှုကြောင့် ဒုက္ခကျရောက်နေကြသူ ရခိုင်တိုင်းရင်းသားများအား အထူး အားရ ကျေနပ်မူနှင့် အတူ စိတ်ပိုင်းဆိုင်ရာ အရ အားတက်မူကို ဖြစ်စေသည်ဟု လူမူရေး ကယ်ဆည်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။

ရဲကျော်သူ ကယ်ဆယ်ရေးစခန်း၌ အနုပညာရှင်များ ငွေလှူဒါန်းစဉ်


“ လူတွေက ဘာဘဲ ပြောပြော အိုးအိမ်တွေ မီးရှို့ခံရတယ်။ နေစရာ ထိုင်စရာ မရှိတော့ဘူး။ အဲသလို အခြေအနေမျိုးမှာ တစ်ခါ ပြဿနာတွေက ငြိမ်းအေးနိုင်ဖွယ် မရှိတော့ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မူ ရှိနေကြတယ်။ အခုလို နိုင်ငံကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေ နွေးနွေးထွေးထွေးနဲ့ လာရောက် အားပေးတော့ သူတို့က အရမ်းကို ၀မ်းသာကြတာကိုတွေ့ရတယ်။ သူတို့တွေကို လူတွေ က မေ့ပျောက် မထားကြပါလားဆိုပြီး စိတ်ပိုင်းဆိုင်ရာ အားတက်မူတွေကို ဖြစ်စေပါတယ်” ဟု ကျေးပင်ကြီးရပ်ကွက်မှ လူမူကယ်ဆယ်ရေး လုပ်နေသူ ကိုအောင်ကျော်မင်းက နိရဉ္စရာသို့ ပြောသည်။

ဆင်ကူးလမ်းကယ်ဆယ်ရေးစခန်း၌ အနုပညာရှင်များ ငွေလှူဒါန်းစဉ်


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးပြီး နှင်းဆီ ရင်ခွင် အဖွဲ့သားနှင့် ရုပ်ရှင် အနုပညာရှင်များက တင်ဆက်ကပြ ခဲ့ရာမှ ရရှိထားသော ရန်ပုံငွေများကို ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦး ဇင်ဝိုင်း ဦးဆောင်သော ရုပ်ရှင်မင်းသား မင်းသမီးများက ဇူလိုင်လ ၁ ရက်နေ့က စစ်တွေမြို့သို့ ကိုယ်တိုင် လာရောက် လှူဒါန်းခဲ့ကြသည်။

“ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းကနေ စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည် စခန်း ၉ခုလောက်ကို ကယ်ဆယ်ရေး ပစ္စည်းနဲ့ ပိုက်ဆံများကို လှူဒါန်းနေတာ မြင်တွေ့ရပါတယ်။ သူတို့လှူဒါန်းနေတဲ့ ပစ္စည်းဟာ ကျပ်သိန်း ၉၀၀ ကျော်ဖိုး ရှိတယ်လို့ ပြောပါတယ်။ ထောက်ပံ့ပစ္စည်းက အထုပ်ပေါင်း ၉၀ ကျော်လို့သိရပါတယ်” ဟု သူက ပြောသည်။

သရုပ်ဆောင်နေတိုးမှ အားပေးစကားပြောကြားစဉ်


လာရောက်လှူဒါန်းနေသည့် သရုပ်ဆောင် ပြေတီဦး၊ နေတိုး၊ မင်းမော်ကွန်း၊ ခန့်စည်သူ၊ လူမင်း၊ နေအောင်၊ နန္ဒ၊ စိုင်းစိုင်းခမ်းလှိုင်၊ နေထက်လင်း၊ ဝေဠုကျော်၊ မင်းသွေး၊ ရိုတ၊ ဖော်ကာ၊ မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ ၀တ်မှုံရွှေရည်၊ မိုးဟေကို၊ အေးမြတ်သူ၊ မေကဗျာ၊ သင်ဇာဝင့်ကျော်၊ ရတနာမိုင်၊ ဖူးစုံ၊ မေသဉ္ဖာဦး စသည့်အနုပညာရှင်များ ပါဝင်ကြောင်း သိရသည်။

“ ကျွန်မတို့ကို အခုလို ကျွန်မတို့ ချစ်ခင်တဲ့ အနုပညာရှင်တွေက လာရောက်အားပေးတာ၊ ပစ္စည်းတွေ လာရောက် လှူဒါန်းတာကို တွေ့ရတဲ့ အတွက် တဖက်မှာလည်း ၀မ်းသာသလို တဖက်မှာလည်း မျက်ရည်ကျမိပါတယ်။ မျက်ရည်ကျမိတာက မိမိတို့ရဲ့ ဘ၀ကို ၀မ်းနည်းမိတာပါ” ရဲကျော်သူ သံကျောင်း ကယ်ဆယ်ရေး စခန်းမှ အမျိုးသမီး တစ်ဦးက ပြောသည်။

သရုပ်ဆောင်နေတိုးမှ အားပေးစကားပြောကြားစဉ်


လှူဒါန်းခဲ့သွားသည့် နေရာများမှာ ရဲကျော်သူ ကယ်ဆယ်ရေးစခန်း၊ ဆင်ကူးလမ်း ကယ်ဆယ်ရေး စခန်း၊ ရွာကြီး မြောက် အမကကျောင်း၊ ရွှေစေတီကျောင်း၊ ပဒုမ္မာအောင်မြေကျောင်း၊ ဗုဒ္ဓေါမော်ကျောင်း၊ ဆုတောင်းပြည့် ကျောင်း၊ မင်းဂံ အလကကျောင်း၊ မင်းဂံဓမ္မာရုံတို့ ဖြစ်ကြောင်းသိရသည်။

''ကျွန်တော်တို့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် တတ်နိုင်သလောက် ကူညီမယ်ဆိုတဲ့စိတ်နဲ့ အလှူငွေရှာဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့ နှင်းဆီအဖွဲ့သားတွေ ညီညီညွတ်ညွတ် ကပြဖျော်ဖြေနိုင်ဖို့ ရုပ်ရှင်အစည်းအရုံးက ပံ့ပိုးကူညီခဲ့သလို တခြားသော အနုပညာ ရှင်များစွာကလည်း ကျရာနေရာကနေ ပံ့ပိုးကူညီခဲ့ကြပါတယ်။ အခုရလာတဲ့ အလှူငွေတွေနဲ့ ဒီဒေသအထိ ကိုယ်တိုင်လာရောက် လှူဒါန်းကြတဲ့ ရည်ရွယ်ချက်ကလည်း သူတို့ရဲ့ အားငယ်တဲ့ အခြေအနေကို တတ်နိုင်သလောက် အားပေးချင်တယ်။ သူတို့ချစ်တဲ့ အနုပညာရှင်တွေကို မျက်မြင်တွေ့ရတဲ့အခါ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ခဏလေးပဲဖြစ်ဖြစ် မေ့သွားကြမယ်ပေါ့လေ။ အဓိကတော့ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလိုပါပဲ။ ကျွန်တော်တို့သူတို့အပေါ်မှာ အပြန်အလှန်ထားတဲ့ မေတ္တာကို ပြသလိုတာကြောင့် အခုလို ကိုယ်တိုင် လက်ထိလက်ရောက် လှူဒါန်းဖြစ်တာပါ''ဟု ပါဝင်လှူဒါန်းခဲ့သည့် သရုပ်ဆောင် အကယ်ဒမီနေတိုးက ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် 'ညီညွတ်ခြင်းနှင်းဆီ' ရန်ပုံငွေဖျော်ဖြေပွဲကို ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် အမျိုးသားကဇာတ်ရုံ၌ ဖျော်ဖြေတင်ဆက်ခဲ့ပြီး အလှူငွေ ပျမ်းမျှအားဖြင့် ကျပ်သိန်းနှစ်ထောင်ဝန်းကျင်ရရှိခဲ့ကာ ယင်းအလှူငွေ များအနက်မှ ဦးစွာ သွားရောက်လှူဒါန်းခြင်းဖြစ်သည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ် ဆူပူအကြမ်းဘက်မှုအတွင်း အစိုးရတရားဝင် ထုတ်ပြန်ချက်အရ သေဆုံးသူ ၇၈ ဦး၊ ထိခိုက်ဒဏ် ရာရသူ ၈၅ဦး၊ မီးလောင်ကျွမ်း ပျက်စီးခဲ့သည် အိမ်ခြေပေါင်း ၃၁၅၈ လုံးရှိပြီး အင်ဂျီအိုအဖွဲ့မှ ထုတ်ပြန်ချက်အရ ဒုက္ခရောက်နေသူ ၉ သောင်းခန့်ရှိသည် ဟုသိရသည်။

အဆိုပါအဖွဲ့သည် ဇူလိုင်လ ၁ရက်နေ့ ညနေပိုင်းတွင် ကမ္ဘောဇ လေကြောင်းဖြင့် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားသည်ဟု သိရသည်။

Narinjara News Burmese

0 comments: